ကျင့်ကြံခြင်းကမ္ဘာမှ အင်တာနက်ကဖေးစနစ် စာစဉ်-၂

S.M (ဖန့်ချီ)

အခမဲ့
စာမြည်း ✅ "ရှင် ဘာကြောင့် ဒီနေရာမှာရှိနေတာလဲ" "မင်းကရော ဘာလို့ဒီလိုနေရာမှာ ရှိနေရတာလဲ၊ အိုး... ပြီးတော့ မင်းကရော ဘာလို့ သိုင်းပညာမျှော်စင်ကနေ ထွက်လာတာကို ဘာလို့ ကိုယ့်ကို မပြောတာလဲ" ထိုလူချောက သူမရဲ့ ကိုးရိုးကားရား မေးခွန်းကို ကြားတော့ သူမကိုပင် ပြန်၍ မေးခွန်းထုတ်လိုက်သည်။ သို့သော် သူ၏ လက်ထဲတွင် ကိုင်ထားသော သေတ္တာလေးကို သူမကို ပေးလိုက်သည်။ "ဒါက ထျန်းရှင်း မှော်ဆေးရည်ပဲ၊ ဒါက မင်းရဲ့ စစ်သည်တော်ချီ အတွက် အလွန်ကောင်းတယ်၊ ကိုယ် မနေ့က ဒါကို ရကတည်းက မင်းကို တစ်ခု ပေးချင်နေတာ" "ကျွန်မဘာသာ ကျွန်မ သိုင်းပညာမျှော်စင်ကပဲ ဘယ်အချိန် ထွက် ထွက်၊ ဘယ်ကိုပဲ သွားသွား ရှင်နဲ့ဘာဆိုင်လို့လဲ၊ ဘာကြောင့် ကျွန်မက ရှင့်ကိုပြောနေရမှာလဲ" ရှစီရှင်းက ပြန်ဖြေလိုက်သည်။`ဒီလူက ငါဘယ်သွားသွား ငါ့နောက်ကို ယင်ကောင်တစ်ကောင်လို တောက်လျှောက်လိုက်ကပ်နေတာပဲ´