ကံကြမ္မာလှိုင်းပေါ်က စကြဝဠာ

Rainy Breeze

400 Kyats ကျပ်
...“ဟမ့် မင်းတို့ စကြဝဠာက ရုပ်လောကမှာ အားကောင်းပေမယ့် နာမ်လောက ကာကွယ်သူ မရှိဘူး။ ဘာလို့ မင်းတို့ ခုခံချင်ရတာလဲ။ ပျက်စီးချိန် တန်လာပြီလေ”အဲဒီအချိန်မှာ စကြဝဠာကြီး တစ်ခုလုံးဟာ အမှောင်ထုထဲ လုံးဝ ရောက်သွားတယ်။ နာမ်ပိုင်းဆိုင်ရာ ဝါးမျိုမှုကို အမှောင်သခင်ကြီးက စတင်လိုက်ပြီပဲ ဖြစ်တယ်။ ဗုဒ္ဓက စကြဝဠာတစ်ခုလုံးကို ကြည့်လိုက်တယ်။ ပြီးတော့မှ ခရမ်းရောင်ပန်းကြီးကို ကြည့်တယ်။ပြီးတော့ ပြုံးလိုက်တယ်။ ဗုဒ္ဓရဲ့ ရွှေခန္ဓာဟာ ရွှေရောင်အလင်းတွေနဲ့ စူးရှ လင်းလက်လာတယ်။ အဲဒီနောက်မှာ ပျောက်ကွယ်သွားတော့တယ်။ ဗုဒ္ဓက သူ့ကိုယ်သူ စတေးပြီး သက်ရှိတွေအတွက် တခြားအပြိုင် စကြဝဠာတွေကို သွားတဲ့ လမ်းကို ဖွင့်ပေးလိုက်ပါပြီ။ လျှောက်လမ်းဟာ ရွှေရောင် တောက်ပနေတယ်။