အချိန်ဓားသခင် စာစဉ်-၆၆

ဉာဏ်လင်းထွန်း

အခမဲ့
“ဘာကြောင့် မတွေ့ရမှာလဲ။ သူက ဒီကို ရောက်နေပြီဆိုမှတော့ ငါတို့ သူ့ကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး” ချင်ယုတုံက ခေါင်းကို အလျင်အမြန် ခါယမ်း၍။ “ရန်ဟောင်လီရဲ့ ကျင့်ကြံခြင်း အဆင့်က တစ်ပိုင်း သူတော်စင် နဝမအဆင့် နှောင်းပိုင်းကို ရောက်နေပြီ။ ဒါ့အပြင် ထိပ်တန်း ဗိုလ်ချုပ် ၁၀ ယောက်ထဲမှာ သူ့အဆင့်က ဟန်ရင်းနဲ့ ဂိုလုတို့ထက် အဆပေါင်းများစွာ မြင့်နေသေးတယ်။ သူ့ကို အလှအပနဲ့ လှည့်ဖြားပြီး သတ်ဖြတ်ဖို့အတွက် ငါလည်း တွေးမိသေးတယ်။ ဒါပေမဲ့ ငါ အဲဒီ အစီအစဉ်ကို ငြင်းလိုက်ရတယ် ” “ဘာကြောင့်လဲ…” ဇောင်ယုချန်က မေးသည်။ ချင်ယုတုံက… “သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အရမ်းမြင့်မားတဲ့အပြင် သူတော်စင်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးလည်း ရှိသေးတယ်။ အရေးကြီးဆုံး အချက်ကတော့ သူ့မှာ မိန်းမတွေအတွက် ခံစားချက် မရှိတာပဲ။ သူ ဖီးနစ် ကချေသည် နန်းတော်ကို အကြိမ်ပေါင်းများစွာ လာခဲ့ပေမဲ့ င့ါကို ဆွဲဆောင်ဖို့ လာတယ်လို့တော့ မထင်ဘူး…”