အချိန်ဓားသခင် စာစဉ်-၅၃

ဉာဏ်လင်းထွန်း

အခမဲ့
စာမြည်း ✅ “ချပ်ဝတ်ရဲ့ အတွင်းပိုင်းထဲမှာ နက်ဘုရား သွေးစက်တွေနဲ့ ပြည့်နေတယ် …” “ဘာ …” မုလင်ဇီက စိတ်လှုပ်ရှား တုန်လှုပ်နေသော အသံဖြင့် တုံ့ပြန်လာသည်။ သူမ၏ မျက်လုံးများမှာလည်း တောက်ပလာပြီး ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ဘဲ… “အဲ့နေရာမှ အနည်းဆုံး နတ်ဘုရား သွေးစက်ပေါင်း ၅၀လောက် ရှိလိမ့်မယ် … ငါတို့တော့ ထောပြီပဲ … နင်သိတဲ့အတိုင်းပဲ ငါတို့ မုမိသားစုက ရှေးဟောင်း မိသားစု ဖြစ်တာတောင် မိသားစုအတွင်းမှာရှိတဲ့ အတော်ဆုံး ပါရမီရှင်တွေကို ဆယ်စုနှစ်တိုင်းမှာမှ နတ်ဘုရား သွေးစက် တစ်စက် ဒါမှမဟုတ် နှစ်စက်ပဲပေးတာလေ … ဒီလူအိုကြီးတွေက အရမ်းကို တွန့်တိုလွန်းတယ် …” ဇောင်ယုချန်က သူမအား ပြုံး၍ ကြည့်ကာ … “ရှေးဟောင်းခေတ် ကုန်ဆုံးသွားတဲ့ အချိန်ကတည်းက ကန်လန် ကမ္ဘာမှာ နတ်ဘုရားဆိုတာ ဆက်ပြီး မမွေးဖွားလာတော့ဘူးလေ … ထင်ရှားတဲ့ ရှေးဟောင်း မိသားစုကြီးတွေတောင် သူတို့အတိတ်တုန်းက ရရှိထားတဲ့ အရာတွေကို စုဆောင်းဖို့လိုတယ် … သူတို့က နတ်ဘုရား သွေးစက်ကို ပိုပြီးအသုံးပြုလေ ပိုင်ဆိုင်တဲ့ အရေအတွက်ကလည်း ပိုပြီး နည်းလာလေဆိုတော့ နတ်ဘုရား သွေးစက်တွေကို အများကြီး အသုံးပြုလို့ မရဘူး …”