ဒဏ္ဍာရီထဲကဓားများအရှင် စာစဉ်-၁

May(ကျိုးရွမ်ကျိ)

အခမဲ့
...“အမေ ... မငိုပါနဲ့ ... ”ဒီကမ္ဘာပေါ်ရှိ လူများက သာမန်လူသားကမ္ဘာထက် ပိုပြီးတော့ ကြံ့ခိုင်သည့်အတွက်ကြောင့် ၂ နှစ်သားအရွယ် ကလေးငယ်သည် ပါးစပ်ဖွင့်ကာ စကားပင် ပြောဆိုနိုင်သည်။ ကျိုးရွှမ်ကျိသည် သူ့ပတ်ဝန်းကျင်က လူများ ထိတ်မလန့် သွားစေဖို့အတွက် စကားကို တိုတိုတုတ်တုတ်သာ ပြောလိုက်သည်။တော်ဝင်နန်းတော်တွင် သိုင်းပညာ ကျွမ်းကျင်သူများက ဘာမှမလုပ်နိုင်သူများကို နှိပ်စက် ညှဉ်းပန်းကြသည်။ ကိုယ်လုပ်တော် ကျောက်ရွှမ်သည် သားဖြစ်သူ၏ စကားသံကို ကြားရသည့်အတွက် ရှိုက်ကြီးတငင်ငင်ဖြင့် ငိုကျွေးလိုက်သည်။ “ရံရွှေတော် ... ဟူချွမ်မြစ်နဲ့ ဆုံဆည်းတဲ့ နေရာမှာ ရေစီးသန်ပြီးတော့ ကြီးမားတဲ့ မြစ်ကြီးတစ်စင်း ရှိတယ် ... မင်းသားငယ်လေးကိုသာ ဒီနေရာမှာ ထားခဲ့ရင် အသက်ရှင်နိုင်ဖို့ အခွင့်အရေးက ပိုပြီးတော့ များတယ် ... ”