ငါကမူးတယ် ဘဝကြီးကလည်တယ်

Maroon (မာရွန်)

800 Kyats ကျပ်
ဒီစာအုပ်ကိုတော့ အဆွေးဓာတ်ခံ ရှိသူတွေ၊ လောလောလတ်လတ် အသဲကွဲထားသူတွေအနေနဲ့ စိတ်ကိုကြိုတင် ပြင်ဆင်ပြီးမှ ဖတ်ပါလို့ အရင်ဆုံးပြောချင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ စာအုပ်ထဲမှာ ပျော်ရွှင်မှုနဲ့ အစပြုပြီး နာကျင်မှုနဲ့ အဆုံးသတ်တဲ့ ကဗျာနဲ့ အက်ဆေးတွေ အများကြီးပါဝင်လို့ပါပဲ။ ဖုံးကွယ်ထားတဲ့ နာကျင်မှုတွေ၊ နင်းချခံရတဲ့ စိတ်ခံစားချက်တွေ၊ တစ်စုံတစ်ယောက်ကို သီးသန့်ပြောချင်တဲ့ စကားလုံးတွေ၊ ပြန်မရနိုင်တော့တဲ့ နေ့စွဲတွေ၊ ကြိုးစားရုန်းကန်နေရမှုတွေ၊ နောင်တ တရားတွေ၊ ဒီနေ့ခေတ် လူတိုင်းနီးပါး ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ပြည့်နှက်နေတာပါ။ ဟုတ်ပါတယ်... ဒါဟာ Maroon(မာရွန်) ရဲ့ 'ငါက မူးတယ်... ဘဝကြီးက လည်တယ်' ပဲဖြစ်ပါတယ်။ ဖတ်ရှုပါ၊ ခံစားကြည့်ပါ၊ Maroon(မာရွန်)ရဲ့ အတွေးကမ္ဘာလေးထဲကို ခဏလောက် အလည်သွားကြည့်ပါ...။