ဆိုက်ကိုပါ့သ်

Kriste

အခမဲ့
လူတစ်ယောက်က သူ့ဆီကို သူ့သူငယ်ချင်း ရက်ရှ်ရှာမား လာမယ်ဆိုလို့ ရထားဘူတာမှာ စောင့်နေတယ်။ နောက်တော့ ရထားပေါ်မှာ သူငယ်ချင်းဖြစ်သူပါမလာဘူး။ ရက်ရှ်ရှာမားလို့ ထင်ရတဲ့ လူတစ်ယောက်ကိုတော့ တွေ့ခဲ့တယ်။ နောက်နေ့သတင်းမှာ ပါတာက အဲဒီရထားမှာ လူသတ်မှုတစ်ခု ဖြစ်ခဲ့တယ်တဲ့။ သူ့သူငယ်ချင်းကို စိတ်ပူတာရော၊ လူသတ်သမားက သူမြင်ခဲ့တဲ့ လူနဲ့ဆင်နေတာကြောင့် ရဲစခန်းကို သတင်းသွားပို့ခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူစာတစ်စောင် ဖတ်ခဲ့ရတယ်။ သူ့သူငယ်ချင်း ရက်ရှ်ရှာမား ထားခဲ့တဲ့စာတစ်စောင်။ တကယ်တော့ ရက်ရှ်ရှာမားက ဉာဏ်ကောင်းတဲ့လူ။ ဒါပေမဲ့ အနိုင်ကျင့်ခံရမှုတွေကြောင့် စိတ်ဝေဒနာရာသွားပြီး နောက်ဆုံး စိတ္တဇလူသတ်သမားတစ်ယောက် ဖြစ်သွားခဲ့တယ်ဆိုတာပါပဲ။ လူပေါင်းများစွာကိုသတ်ခဲ့ပြီးပြီ။ ဒီလို ဇာတ်လမ်းကို ဝတ္ထုထဲမှာ ခံစားရမှာပါ။