နွေးသီး

Ko Pauk(mdy)

1000 Kyats ကျပ်
ဒီဇာတ်လမ်းလေးက ပိုပို ဆိုတဲ့ အမျိုးသမီးတစ်ယောက် ဖြတ်သန်းခဲ့ရတဲ့ ခပ်ဆွေးဆွေးဇာတ်လမ်းလေးပေါ့။ ပိုပိုက သူ့မိဘတွေနဲ့ သူ ကိုကြီးလို့ ခေါ်တဲ့ လူရဲ့မိဘတွေကရင်းနှီးလို့ မန္တလေးမှာ လိုက်နေဖြစ်တယ်။ သူတို့နှစ်ယောက်က သွေးမတော်သားမစပ်ပေမယ့်၊ တကယ့်မောင်နှမအရင်းတွေလိုပါပဲ။ လူကြီးချင်းသဘောတူတာ ဘာညာလည်းမရှိဘူး။ နောက်တော့ ကိုကြီးရဲ့ ဘဝထဲကို လင်းလင်းဆိုတဲ့ မိန်းကလေးဝင်လာတယ်။ လက်ထပ်လိုက်ကြတယ်။ နွေးသီး ကတော့ သူတို့ရဲ့သားလေးပေါ့။ နွေးသီးက ပိုပိုကိုအရမ်းကပ်တယ်။ ဒီလိုအချက်တွေအပြင်၊ တခြားအချက်တွေကြောင့် လင်းလင်းက သူတို့မောင်နှမ နှစ်ယောက်ရဲ့ ဖြူစင်တဲ့ မေတ္တာကို အထင်အမြင်မှားခဲ့တယ်။ ဇာတ်လမ်းက ဒီလိုစပါတယ်။ နောက်ပိုင်း သူဖြတ်သန်းကြုံတွေ့ရတဲ့ ဝမ်းနည်းစရာတွေကလည်း တကယ်ကို နွမ်းလျစရာကောင်းလွန်းပါတယ်။