အဝေးက ဆောင်းပုံပြင်

Ko Pauk(mdy)

500 Kyats ကျပ်
ဒီဝတ္ထုဖတ်ရတာ တော်တော်တော့ လွမ်းရတယ်ဗျာ။ ဝတ္ထုထဲမှာ ခိုင်နဲ့ကျော်တို့ဆုံတဲ့အချိန်က Blog တွေထောင် ... စာတွေရေးတဲ့ကြတဲ့ခေတ်၊ Gtalk လောက်ပဲ ခေတ်စားသေးတဲ့ အချိန်။ ဆုံတာကလည်း Blog တွေမှာ စာတွေရေးနေရင်း အပြန်အလှန် စကားပြောကြ၊ Mail တွေပို့ကြနဲ့ပေါ့။ ဝတ္ထုဖတ်နေရင်း Blog တွေမှာ စာတွေများများ ရေးဖြစ်ကြတဲ့ခတ်ကို တော်တော်လွမ်းသွားတယ်။ နောက်တော့ ခိုင်က နိုင်ငံရပ်ခြားကနေ ကျော်နေတဲ့ မန္တလေးကိုရောက်လာတယ်။ အဲဒီမှာတင်ပဲ ... မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင် စတဲ့နေရာတွေက သမိုင်းကြောင်းတွေ၊ အတိတ်က အကြောင်းတွေနဲ့ မျက်မှောက်ခေတ်ပုံရိပ်တွေကို ဝတ္ထုထဲမှာ တန်ဆာဆင်ပြီး အလှပဆုံးရေးဖွဲ့ထားတာကို ဖတ်ရတော့ ဘာကိုမှန်းမသိ အရမ်းလွမ်းရတယ်။ စိတ်ထဲမှာတော့ ချက်ချင်းကို မန္တလေး သွားချင်စိတ်ပေါက်လာတာပဲ။ လွမ်းဖို့ကောင်းတဲ့ ဝတ္ထုတစ်ပုဒ်မို့ ဖတ်ကြည့်ပါဦးဗျာ။