မလွမ်းစကောင်း လွမ်းစကောင်း

Ko Pauk(mdy)

600 Kyats ကျပ်
သမိုင်းအဖြစ်အပျက်တွေ၊ ကိုယ်နေထိုင်နေတဲ့အရပ်က အတိတ်မှာ ဘယ်လိုပုံစံရှိခဲ့လဲ၊ ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာကို လူတိုင်းသိချင်၊ စပ်စုချင်ကြမှာ အသေအချာပါပဲ။ ဒါဆိုရင်တော့ ဒီစာအုပ်ကို အခုပဲ ဖတ်လိုက်တော့ဗျို့။ ဒီစာအုပ်ထဲမှာ စာရေးသူရဲ့ ငယ်စဉ်အရွယ်၊ နုပျိုစဉ်အရွယ်တို့မှာ မန္တလေးမြို့တော်ကြီးက ဘယ်လိုပုံစံရှိခဲ့ပြီး ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးသားဖော်ပြထားတာပါ။ ဒီမန်းရာပြည့်ကွင်းအကြောင်း၊ ယနေ့ခေတ်နဲ့မတူတဲ့ အရင်ခေတ်တုန်းက မန္တလေးကျုံးကြီးအကြောင်း၊ ရိုးရာမုန့်တွေအကြောင်း၊ ဓလေ့တွေအကြောင်း၊ ရှေးဟောင်းအမွေအနှစ်တွေအကြောင်းကို ဖတ်ရမှာပါဗျ။