ပါဝင်ကပြ ကြည့်ရှုအားပေး

Ko Pauk(mdy)

400 Kyats ကျပ်
ဘဝဇာတ်ခုံဆို ကောင်းတာတွေရော ဆိုးတာတွေရော သောင်းပြောင်းရောနှောနေပါတယ်။ အဆင်ပြေသလိုကပြကြရတာပဲလေ။ လူရယ်လို့ဖြစ်လာရင်တော့ ဘယ်သူက ကောင်းတဲ့ဘဝ၊ ကောင်းတဲ့အခြေအနေမျိုးကို မလိုချင်တာဘယ်ရှိမလဲ။ လူတိုင်းကတော့ အကောင်းပဲလိုချင်တာပေါ့။ ဒါပေမဲ့ အကောင်းကြီးပဲရတဲ့လူဆိုတာ ရှားမှရှား။ ဒီတော့ လူဖြစ်နေသမျှကာလပတ်လုံးကတော့ ဘဝ ဆိုတဲ့ မဆုံးနိုင်တဲ့ ဇာတ်ခုံကြီးပေါ်မှာ နေ့စဉ်အမျှ ကောင်းကောင်းဆိုးဆိုး ကပြအသုံးတော်ခံနေရမှာပါပဲပေါ့။ ဒီစာအုပ်ထဲတော့ အဲဒီလို ဘဝဇာတ်ခုံပေါ်က လူတွေကို မြင်တွေ့ရမှာပါ။ ကောင်းတဲ့ဘဝ၊ ဆိုးတဲ့ဘဝ၊ လိုချင်တာမရတဲ့ဘဝ စသဖြင့် ဘဝအစုံကို ခံစားရပါလိမ့်မယ်။