အရိပ်ငှားရမ်းသူ စာစဉ်-၁

Kira(လီရန်မူ)

အခမဲ့
..."သင်က ဒီသခင်အတွက် အရမ်း ကြိုးစားခဲ့တာကြောင့် သင်နဲ့ကစားတော့မှာပါ ...”ကွန်ပျူတာက”သင်သာ ဤသခင်အတွက် ကြိုးစား အားထုတ်ပေးရင် ... ငါနင့်အနားမှာ နေပေးမယ် ...”ဒါကိုမြင်သောအခါ လီရန်မူက သူ့အား လှည့်စားနေသည်ကို သိသော်လည်း အရေးကြီးဆုံးမှာ ... လက်ရှိ၌ သူက ပျင်းရိငြီးငွေ့ဖွယ် ကောင်းလွန်းနေသည်။ ထို့ကြောင့် သူသည် ၎င်းကို ပေါ့ပေါ့တန်တန်ပင် နှိပ်လိုက်ပြီး ... သူနှိပ်လိုက်သည်နှင့် ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ မြင်ကွင်းက အလျင်အမြန် ပြောင်းလဲသွားသည်။ “အခြားသူများထက် သာလွန်သော ကျွမ်းကျင်မှုများကို သင်ရချင်ပါသလား။ ဘဝရဲ့ အနှစ်သာရကို သင်သိလိုပါသလား။ ဒီ စကြဝဠာရဲ့ အမြင့်ဆုံးမှာ ရပ်တည်ချင်ပါသလား။ သင် ဒီအရာတွေကို လိုချင်ရင် သင့်ရဲ့သွေးနဲ့ ဒီစနစ်ရဲ့ လုပ်ဆောင်ချက်ကို ပေါင်းစပ်လိုက်ပါ ...”ကွန်ပျူတာ၏ ခေတ်နောက်ကျနေသော ကျိုးပဲ့နေသည့် သေးငယ်သော အသံချဲ့စက်က ပြောသောအခါ လီရန်မူသည် သူ၏ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သွေးစွန်းနေခဲ့သည်ကို သတိထားမိ လိုက်လေသည်။