လူသားဧကရာဇ် စာစဉ်-၈

Swae Nyoe Team

အခမဲ့
စာမြည်း ✅ “သခင်လေး... အဲဒီ အမျိုးသမီးက ဘယ်သူလဲ... သူမက အရမ်းစွမ်းအားကြီးလွန်းလို့ ကျုပ်ရဲ့ မြားတွေတောင် သူမနဲ့ ရင်ဆိုင်တဲ့အခါ အသုံးမဝင်ဘူး” ကျောတွင် မြားကျည်တောက် လွယ်ထားသည့် ထောင်ပါးကိုင်းယွမ် ပြေးလာသည်။ လေးသည်တော်များအတွက် အခြေခံလိုအပ်ချက်မှာ အံ့မခမ်းသည့် အမြင်အာရုံဖြစ်ပြီး ထောင်ပါးကိုင်းယွမ်က လေးသခင်တစ်ဦး ဖြစ်သည်။ သို့တိုင် တစ်ဖက်လူမှ တစ္ဆေခြေလှမ်းအား ထုတ်ဖော်လိုက်သည်နှင့် သူမနှင့် အရိပ်ကြား ခွဲခြားမရတော့သည်ကို သူ နားမလည်နိုင်ပေ။ “ဒါက အနောက်တိုင်းက ကုန်သည် မုတ်ဆိတ်ရဲ့ လက်ချက်ပဲလား.. ဒီလူက အတော်လှည့်စားတတ်တာပဲ.. မျက်နှာဖုံးတပ်လူတွေကို လွှတ်ထားယုံမကဘူး ဒီလို အစွမ်းထက်တဲ့ လုပ်ကြံသူတစ်ဦးပါ စီစဉ်ထားသေးတယ်” ရှန့်ဟိုင်နှင့် မုန့်လုံတို့ ဓားကိုင်ရင်း ပြေးလာကြသည်။ “အခုက မုတ်ဆိတ် လက်ချက်မဟုတ်ဘူး”