ကျွန်တော့်ရဲ့ငယ်

Freaxach

200 Kyats ကျပ်
...ငယ်ဟာ အသံခပ်အက်အက်နဲ့ တစ်ခွန်းချင်း ပြောတယ်။ ငယ့်မျက်လုံးတွေဟာ ရီလဲ့လဲ့နဲ့ … မျက်ဝန်းထဲမှာ မျက်ရည်တွေ ထင်တာပဲ။ တကယ်တော့ ငယ်ဟာ မငိုပါဘူး။ ပြုံးတောင် ပြုံးနေသေးတယ်။ ငယ်တစ်ယောက်တည်း အထီးကျန်နေတာလည်း မအံ့ဩတော့ပါဘူး။ ‘တောင်းပန်ပါတယ် ... မရည်ရွယ်ခဲ့ပါဘူး’‘ရပါတယ် ...’‘ငယ်ဟာ ဒီလိုအထီးမကျန်သင့်ဘူး၊ သူငယ်ချင်းရှာသင့်တာပေါ့’ ဆိုတော့ ငယ်က …‘စာအုပ်တွေဟာ သူငယ်ချင်းပေါ့၊ ငယ် ချစ်တဲ့သူတွေအားလုံးဟာ ငယ့်ကို စွန့်ခွာသွားတဲ့အထဲ ငယ်ဟာ ဘယ်သူ့ကိုချစ်မလဲ’အေးစက်စက်နဲ့ ငယ့်ရဲ့စကား။ ကျွန်တော်က …‘ကော်ဖီလည်း အေးပြီ.. သောက်လိုက်ဦး’ လို့ စကား ဖြတ်လိုက်တယ်။