ကျွန်တော်ချစ်သော မိန်းကလေး

Dreamy

300 Kyats ကျပ်
ကိုယ့်ရင်ထဲက ချစ်ရသူကို အချိန်တွေအကြာကြီး စောင့်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းတွေ ကြားဖူးလား ? ဒီဝတ္ထုက အဲဒီလိုမျိုး ချစ်သူကောင်မလေးကို အချိန်တွေအကြာကြီး စောင့်နေသူ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ Dreamy ရဲ့ အရေးအသားအောက်မှာ ကိုယ်တော့ ညအိပ်ယာဝင် ဒဏ္ဍာရီပုံပြင်လေး တစ်ပုဒ်ကို နားထောင်လိုက်ရသလိုပဲ မျောသွားတယ်။ ❤️ ချောင်းသာအနားနေပြီး ငါးကင်လိုက်ရောင်းတဲ့ ဆယ့်သုံးနှစ်အရွယ် ကောင်မလေးယွန်း။ ငါးဒိုင်ဆီကို ဦးတည်သွားရင်း လူရှင်းတဲ့ကမ်းစပ်မှာ ရေဆော့နေတဲ့ ကောင်လေး။ သူစိမ်းဖြစ်ပေမဲ့ လှိုင်းဆွဲချပြီး ရေနစ်သွားမှာကို ရုတ်တရက် ယွန်းစိုးရိမ်မိသွားတယ်။ အဲဒီကောင်လေးကတော့ ချမ်းသာတဲ့မိသားစုက တစ်ဦးတည်းသောသား ဂုဏ်ရှိန်ပေါ့။ သူ့ရဲ့ ဆယ့်တစ်နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် မိဘတွေက ချောင်းသာလိုက်ပို့တာ။ ယွန်းထင်တဲ့အတိုင်းပါပဲ ! ဂုဏ်ရှိန်ခြေထောက်ကို တစ်ခုခုနဲ့ခိုက်မိပြီး လှိုင်းကြားထဲမှာ ကိုယ်မဖော့နိုင်တော့ဘူး။ ရေနစ်သွားတယ်။ ယွန်းက မြင်နေတော့ သူပဲ ကယ်ပေးရတော့တာပေါ့။ ဒါပေမဲ့၊ သောင်ပြင်ပေါ်ရောက်ပြီး ဂုဏ်သတိရလာတော့ သူ့အနားမှာရှိနေတာက မာမီ့သူငယ်ချင်းရဲ့သမီး ခယောင်းနု။ ဇာတ်လမ်းအစမှာကတည်းက ကံကြမ္မာဟာ သူတို့နှစ်ယောက်ကို ပေးမဆုံစေခဲ့ပါဘူး။ ❤️ ဒါပေမဲ့ပေါ့! ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ လူငယ်တွေဖြစ် အရွယ်ရောက်လာတဲ့အခါ၊ ဒီကံကြမ္မာက သူတို့နှစ်ယောက်ကို မှော်ဆန်ဆန် ဘယ်လိုပြန်ဆုံတွေ့စေမလဲ ? ခယောင်းနုနဲ့ လက်ထပ်ရတော့မယ့် ဂုဏ်ရှိန်ရဲ့ ရေနစ်အိပ်မက်ထဲမှာတော့ ယွန်းဟာ အမြဲလာကယ်ပေးနေဆဲ ! ယွန်းရဲ့ သူငယ်ချင်း မြေလှိုင်းကရော။ ဒီဇာတ်လမ်းရဲ့ အချိုးအကွေ့မှာ ဘယ်လောက်အရေးပါနေမလဲ ?