လူတစ်ယောက်ရဲ့ ဒိုင်ယာရီ

Baby Bunny

500 Kyats ကျပ်
ဒီ ဒိုင်ယာရီလေးအတွက်ဆိုရင် ပထမဆုံး အနေနဲ့ ညွှန်းဆိုချင်တာထက် တိုက်တွန်းချင်မိတာလေးရှိတယ်... LGBTQ လောကထဲမှာ လှည့်လည်နေတဲ့ သူတွေမဟုတ်တဲ့ Normal life ထဲကလူတွေအနေနဲ့ ဒီ one shot လေးကို ဖတ်ပေးစေချင်တယ်။ ဖတ်လည်း ဖတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ one shot ထဲမှာ အားလုံး ဇဝေဇဝါဖြစ်နေလေ့ရှိတဲ့ Bisexual တစ်ယောက်ရဲ့ ရုန်းကန်နေရတဲ့ဘဝကို သေချာဖော်ပြပေးထားလို့ပါပဲ။ သူပြောထားတာက... "လူတွေက ခက်တယ်။ ကျွန်တော်ဟာ သဘာဝပေမဲ့ သူတို့က သဘာဝကို ပိုလိုချင်ကြတယ်။ သူတို့သတ်မှတ်ထားတဲ့ သဘာဝစံနှုန်းတစ်ခုကိုပေါ့..." တဲ့ အဲဒါအပြင် ဒီ ဒိုင်ယာရီလေးထဲမှာ ကလေးငယ်တစ်ယောက်ရဲ့ trauma အကြောင်းလည်း ပါသေးတယ်။ Child psycho, trauma တစ်ခုဟာ နောက်စရာမဟုတ်ဘူးဆိုတာ ဒီ ဒိုင်ယာရီလေးကပြောပြပါလိမ့်မယ်။ Body shaming တစ်ခုဟာ နောက်စရာ မဟုတ်ကြောင်းကိုပေါ့... လောကမှာ Bisexual တွေတကယ်ရှိကြောင်း ပြောပြထားတယ်။ Physically အရ Bisexual ဖြစ်နေတဲ့ သူတွေပေါ့။ သူတို့ဟာလည်း သဘာဝက ဖန်ဆင်းပေးထားတဲ့ သဘာဝတရားတစ်ခုသာဖြစ်ကြောင်း ပြောပြထားတယ်.။ သူပြောထားတဲ့ထဲက သဘောအကျဆုံးကိုပြောရရင်တော့... "ကျွန်တော် ဘယ်သူဆိုတာက ကျွန်တော့်အရည်အချင်းကို ဆုံးဖြတ်ပေးနေတာမှ မဟုတ်ပဲလေ.." တဲ့။ ဖတ်ကြည့်လိုက်ပါ... ဒီထက်ပိုပြီး LGBTQ တွေရဲ့အကြောင်းကို နားလည်ပေးချင်တဲ့ စိတ်လေးရှိမယ်ဆိုရင် ဖတ်ကြည့်စေချင်မိတယ်။ ဒီ Review လေးနဲ့အတူ ကိုယ်လည်း ပြောပြချင်မိတယ်။ လောကကြီးမှာ ရှိတဲ့အရာရာတိုင်းကို သဘာဝတရားကြီးက ဖန်ဆင်းပေးထားတာဖြစ်လို့ အားလုံးဟာ သဘာဝရဲ့ သဘာဝတရားတွေပါပဲ။ Review by Muehnin Phyu