ဆန်းကြယ်သော ကံကြမ္မာ စာစဉ်-၎

Anzy(နင်းချန်း)

500 Kyats ကျပ်
စာမြည်း ✅ "ငါ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတယ်ဆိုပေမဲ့ ငါမင်းကို တကယ်ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မယ်ဆိုရင် မင်းလို ချီအဆင့် ၅ က ကျင့်ကြံသူတစ်ယောက်ကတော့ ငါ့မျက်လုံးနဲ့တောင် ကြည့်စရာမလိုတဲ့ အရည်အချင်းပဲရှိတယ်၊ ဒီတော့ ရေနဂါးရဲ့ အရေခွံကို ငါတို့ တစ်ဝက်စီခွဲယူလို့ရပါတယ်၊ မင်းကတစ်ဝက်ယူ ငါကတစ်ဝက်ယူမယ်၊ ပြီးရင် ကိုယ့်လမ်းကိုယ်သွားကြတာပေါ့" နင်းချန်း တအန်တောရဲ့ မြေပုံအကြောင်း တွေးမိသွားတာကြောင့် ဒီလူနဲ့ အကျိုးအမြတ်လုံးဝခွဲမယူဖို့ သူ ဆုံးဖြတ်ထားပြီးသားပါ။ သို့သော်လည်း သူ မြေပုံမရနိုင်ပဲနဲ့ ဒီနေရာက ထွက်လို့မရနိုင်တာ သူသိပါတယ်။ "မင်းမှာ တအန်တောရဲ့ မြေပုံရှိတယ်လို့ ငါကြားတယ်၊ ဒီလိုဆိုရင်တော့ ငါတို့ တစ်ခုခုအကြောင်း ပြောလို့ရကောင်းပါရဲ့"