မာယာဘုံ
မြသန်းတင့်
1000 Kyats ကျပ်
ဆရာမြရဲ့ နာမည်ကြီး ပင်ကိုရေးလက်ရာတစ်ပုဒ် ဖြစ်ပါတယ်။ မာယာဘုံ ဆိုတဲ့အတိုင်းပဲ မာယာများလွန်းတဲ့ လောကဓံအကြောင်းကို သေချာပေါက် ခံစားထိတွေ့ရမယ်။ ယမားချောင်းရဲ့ မာယာများပုံ၊ ယမားချောင်းကို ဖြတ်တော့မယ်ဆို ဆုံးဖြတ်ချက် မြန်ဖို့ လိုအပ်ပုံ၊ ကျောက်မီးသွေးတွင်းထဲက အလုပ်သမားတွေရဲ့ဘဝ၊ လေးကောင်ဂျင်သမားတွေရဲ့ လောင်းကစားပုံရိပ်၊ ကျောက်သံသရာနဲ့ မှောင်ခိုလောကရဲ့ စိတ်ဝင်စားဖွယ် စရိုက်တွေ၊ ကိုမြင့်နဲ့ အေးမတို့ရဲ့ မေတ္တာဇာတ်လမ်း စတဲ့ အဖြစ်အပျက် အဖုံဖုံကို ဖတ်ရှုရမှာပါ။
ဈေးသယ်မလေး အေးမတစ်ယောက် နောက်ဆုံး မှောင်ခိုကုန်သည် အကြီးစား ဖြစ်သွားခဲ့ပြီး မှောင်ခိုလောကထဲ ရောက်မှန်းမသိ ရောက်သွားတဲ့ ကိုမြင့်တစ်ယောက် ဒုက္ခသုက္ခတွေကို ခါးဆီးခံရပုံနဲ့ ‘ပြည်နာမှ ငွေရှာလို့ကောင်းတယ်’ ဆိုတဲ့ မုံရွာမြို့ပေါ်က ထိပ်တန်းကုန်သည်ကြီး ဦးမြမင်း အစရှိတဲ့သူတွေ။ မိုက်ပြီးရင်း ဆက်မိုက်၊ ဆိုးပြီးရင်း ဆက်ဆိုးကြရင်း လောဘကို မရပ်နိုင်ကြတဲ့အခါ မာယာဘုံထဲက မလွတ်မြောက်နိုင်ကြပုံတွေကို မြင်ရတဲ့အခါ စာဖတ်သူရော ဘယ်လို ခံစားရလေမလဲ ?
မြသန်းတင့် ရေးသားသော စာအုပ်များ
-
ဧကရီပန်းသည်မနှင့် ကျွန်တော်
1000 Ks
-
သမိုင်းထဲကပုဂံ ပုဂံထဲကသမိုင်း
1000 Ks
-
လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ
1000 Ks
-
ရှားလော့ဟုမ်း၏ သည်းထိတ်ရင်ဖို
1000 Ks
-
လွမ်းမောဖွယ်ကမ္ဘောဇ
800 Ks
-
လူများ၊ သက္ကရာဇ်များ-ဘဝ (၁၉၃၃ - ၁၉၄၁)
1000 Ks
Prev
Next
'ပင်ကိုရေး ရသဝတ္ထုများ' စာအုပ် အမျိုးအစားများ