မျက်ရည်ဆိုင်
နွေသစ်ငြိမ်း
800 Kyats ကျပ်
နာကျင်မှုဝေဒနာတွေကို ဖြေဖျောက်ဖို့ မျက်ရည်လိုပါတယ်။ "ဘဝဆိုတာကိုက ငိုသံတွေနဲ့စပြီး ငိုသံတွေနဲ့ အဆုံးသတ်ရတာမျိုးပဲလေ" တဲ့။ အဲဒီအတွက် ဆရာနွေသစ်ငြိမ်းကမျက်ရည်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ဒီစာအုပ်ထဲမှာ လူငယ်တစ်ယောက်ရဲ့ မွန်းကြပ်ကြေကွဲခြင်းတွေကို ခံစားရမယ်။ ကြေကွဲထိရှစရာ အခြေအနေတွေကို အားမလိုအားမရတွေ့ရမယ်။ မပျော်မရွှင်ဖြစ်စရာ အခြေအနေတွေနဲ့ မှုန်မှိုင်းနေတဲ့ စိတ်အခြေအနေတွေကို နာကျင်မှုတွေအဖြစ် မြင်ရမယ်။ ဒါကတော့ သူကိုယ်တိုင်ဖွင့်ထားတဲ့ မျက်ရည်ဆိုင် တစ်ဆိုင်ပါပဲ။