လူငယ်များအတွက် အမေစုပြောကြားသော ခေါင်းဆောင်မှု သဘောတရား

ဒေါက်တာထွန်းဝင်း

800 Kyats ကျပ်
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့ မြန်မာ့လူ့အသိုင်းအဝိုင်းအတွင်းတင် မဟုတ်ဘဲ ကမ္ဘာ့ကပါ အသိအမှတ်ပြု လေးစားရတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။ ဒါဟာ သာမန် သမားရိုးကျ ပညာရပ်ဝန်းတစ်ခုမှာ ထူးချွန်ပြောင်မြောက်မှုကြောင့် မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အဖွဲ့အစည်းကြီးတစ်ခုကို ရှေ့ကနေ မားမားမတ်မတ် ဦးဆောင်ပေးနိုင်မှု၊ သူရဲ့ ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေး၊ ဗီဇအရည်အသွေးတွေဖြစ်တဲ့ အနစ်နာခံမှု၊ စွန့်လွှတ်စွန့်စားမှု၊ ပေးဆပ်မှု၊ ထိုးထွင်း ဖောက်ထွက်နိုင်မှုစတာတွေ၊ ခိုင်မြဲတဲ့ ယုံကြည်ချက်၊ မတွန့်မဆုတ်တဲ့ ဇွဲလုံလဝီရိယ၊ ပြည့်ဝတဲ့ ဥာဏ်ပညာအရည်အချင်း စတာတွေအပြင် သူဟာ လူအများကို ဆွဲယူ စည်းရုံးနိုင်မှုအားကြီးတဲ့ ခေါင်းဆောင်မှုဟန် အရည်အသွေးတွေနဲ့ပါ ပြည့်စုံလှတဲ့ သူတစ်ဦးမို့လို့ပါ။ ဒါဟာ စကားလုံးတွေကို စီရေးထားတဲ့ အချက်အလက်သက်သက်သာ မဟုတ်ကြောင်းလည်း မြန်မာ့လူ့ အသိုင်းအဝိုင်းအနေနဲ့ ကောင်းကောင်းသိကြပါလိမ့်မယ်။ အဲဒီလို စံပြုပုဂ္ဂိုလ်ခေါင်းဆောင်တစ်ယောက်ရဲ့ ခေါင်းဆောင် မှုဆိုင်ရာ သဘောတရားတွေကို လူငယ်တွေအတွက် ပြန်လည် ရေးဖွဲ့ခြယ်မှုန်းပြသတဲ့ ဆရာဒေါက်တာထွန်းဝင်းကို အထူး ကျေးဇူးတင်ရပါလိမ့်မယ်။ ဘာကြောင့်ဆိုတော့ အရည်အသွေးမြင့်မားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို အစပြုလျှောက်လှမ်းနေ ကြတဲ့ ကျွန်တော်တို့ နိုင်ငံမှာ လူတိုင်းအတွက် အတုယူစံပြုလေ့လာကြရမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူကိုယ်ပွားဖြစ်စေရာ သဘောတရားတွေ မို့ပါပဲ။
ဒေါက်တာထွန်းဝင်း ရေးသားသော စာအုပ်များ
  • ကတိသစ္စာကိုတန်ဖိုးထားသော အဖော်အချွတ် မိန်းမသားတစ်ဦးအကြောင်းနှင့် ဖိုမပြဿနာဖြေရှင်းချက်များ
    800 Ks
  • နိုင်ငံရေးသမားတို့ ပြည်သူတွေကို ဘယ်လိုကျေးဇူးဆပ်ကြမလဲ
    800 Ks
  • ဥပဒေ အထက်၌ လူမရှိခြင်း
    800 Ks
  • ကျွန်တော်၏ လူမိသွားသော ရည်းစားစာများ နှင့် အခြားဟာသပုံပြင်များ
    800 Ks
  • ရှက်ရှက်ထက်ပို၍ ရှက်စရာကောင်းသောအရာနှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးနည်းလမ်းများ
    800 Ks
  • ၃၈ ဖြာမင်္ဂလာဖြင့် လောကကြီးကို စီမံခန့်ခွဲခြင်း ဗျူဟာများ
    800 Ks
'နိုင်ငံရေးစာအုပ်များ' စာအုပ် အမျိုးအစားများ
  • ဟန်ပြဒီမိုကရေစီ အစိုးအရအဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ
    600 Ks
  • ဇူလိုင်(၇) ရက် ၇.၇.၁၉ ၆၂ ကိုယ်တွေ့ဖြစ်ရပ်များ
    600 Ks
  • မြန်မာပြည်၏ ထိပ်တန်းလျှို့ဝှက် ပေါက်ကြားမှုကြီး
    600 Ks
  • မြန်မာ့လွတ်လပ်ရေးနောက်ဆုံးတိုက်ပွဲ
    1000 Ks
  • မင်းဒင်ရဲ့ သက်ခိုင်
    1000 Ks
  • စစ်အာဏာရှင်ခေတ် မြန်မာနိုင်ငံအကျဉ်းထောင်စနစ်
    600 Ks
App Download
စာအုပ် အမျိုးအစား
စာရေးဆရာများ