Only Me

နွေသစ်ငြိမ်း

600 Kyats ကျပ်
❤ "သည်ခေတ်မှာ ကဗျာကို အရူးတွေသာ ရေးတယ်" လို့ ကဗျာဆရာ နွယ်စိမ်းဝေ ရေးဖူးပါတယ်။ ဒီလိုရင် ဒီနေ့အချိန်က အရူးအများဆုံး ခေတ်ဖြစ်တယ်လို့ ဆိုရတော့မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဆရာနွေသစ်ငြိမ်းလို ထူးချွန်တဲ့ ကဗျာဆရာတွေက ဒီနေ့ခေတ်မှာ အများကြီးပေါ်ထွက်နေကြလို့ပါပဲ။ ဟုတ်ပါတယ်။ ဒီစာအုပ်က ဆရာနွယ်စိမ်းဝေရဲ့ ထူးခြားဆန်းပြားတဲ့ ကဗျာတွေ၊ လှပတဲ့စကားစုတွေကို စုစည်းတင်ဆက်ထားတဲ့ စာအုပ်ပါ။ ❤ ဒီစာအုပ်ထဲမှာ ဆန္ဒတွေ ပါမယ်။ အတိတ်တွေ ပါမယ်။ ဆက်သွားခွင့် မရှိလို့ ပြန်လည်ချိုးကွေ့ခဲ့ရတဲ့ လမ်းတွေ အကြောင်းပါမယ်။ စိတ်ရှိလက်ရှိ ထိုင်ကြည့်ဖူးတဲ့ တိမ်တွေအကြောင်း ပါမယ်။ စိတ်ပျက်လက်ပျက် လက်လွှတ်လိုက်ရတဲ့ ပျော်ရွှင်ဖွယ်ရာ အစိတ်အပိုင်းတွေပါမယ်။ ကိုယ် ပိုင်ဆိုင်ထားပါလျက် ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ နေ့ရက်တွေပါမယ်။ ဒါကြောင့် အားလုံးကို ဖတ်ကြည့် ခံစားကြည့်စေချင်ပါတယ် ...