ABNORMAL

ဇေညီ

600 Kyats ကျပ်
Abnormal ကို ပုံမှန်မဟုတ်သော၊ ဖောက်ပြန်ခြင်းသဘောဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုလေ့ ရှိကြပါတယ်။ ဒီစာအုပ်ကလည်း “ အတွေးတွေဖောက်ပြန်တာပါ။ စိတ်ကဖြစ်သမျှကို အရည်ဖျော်၊စကားလုံး စီထားရုံကလွဲလို့ မပိုတဲ့ စာအုပ်တစ်အုပ်ပါပဲ” လို့ စာရေးသူက ဆိုထားပါတယ်။ စာအုပ်ထဲမှာ အဆက်အစပ် မရှိသယောင် ရေးသားဟန်တွေ၊ ဆယ်ကျော်သက် လူငယ်တွေရဲ့ စကားတွေ၊ ဘောင်တစ်ခုထဲမှာ မရှိတဲ့ ရှုထောင့်အမျိုးမျိုးကို မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ... တော်ရုံ သတိမထားမိတဲ့ သဘာဝအလှတွေ၊ ညဘက် သန်းခေါင်ယံ ခေါင်းထဲရောက်လာတဲ့ စကားလုံးတွေ၊ သိလျက်နဲ့ မသိဟန်ဆောင်ထားတဲ့ အမှန်တရားတွေ၊ လူငယ်တစ်ယောက်ရဲ့ ရှုထောင့်နဲ့ အိပ်မက် မက်သမျှကို ချရေးထားတဲ့ စာစုတွေ ပါဝင်တယ်။ Essay နဲ့ Short Story အပုဒ်(၂၀) ကို ဖတ်ရှုရမှာပါ။ ခံစားကြည့်ပေးပါဦးခင်ဗျ။