AQUAMAN UNDERTOW

ကျော်မျိုးနိုင်(မြန်မာပြန်)

800 Kyats ကျပ်
DC ရဲ့ Super Hero တစ်ယောက်ဖြစ်တဲ့ AQUAMAN ကို ရုပ်ရှင်ဇာတ်ကားလည်း ကြည့်ပြီးကြပြီးပြီဆိုတော့ စာချစ်သူတို့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီစာအုပ်က AQUAMAN အကြောင်းပါပဲ။ ဒါပေမဲ့ AQUAMAN ရဲ့ ငယ်ဘဝဇာတ်ကြောင်းလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒီစာအုပ်ဟာ Before He Was Aqua Man လို့ ပြောထားတဲ့ အတိုင်းပဲ အတ္တလန်တစ် ရေအောက်တိုင်းပြည်ရဲ့ ဘုရင်တစ်ပါး ဖြစ်မလာသေးတဲ့ ဆယ့်သုံးနှစ်သား အရွယ် အာသာကာရီရဲ့ ငယ်ဘဝကို ရေးသား ပုံဖော်ထားတဲ့ prequel ဇာတ်လမ်း တစ်ပုဒ် ဖြစ်ပါတယ်။ ဒီစာအုပ်လေးကို ဖတ်လိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ ရုပ်ရှင်ကားထဲမှာ ကြည့်ရတဲ့ ဆံပင်ရှည်ရှည် ကိုယ်ပေါ်မှာ တက်တူးအပြည့်နဲ့ လူထွားကြီး Jason Momoa ရဲ့ ပုံစံကို မေ့သွားပြီး တစ်မျိုးတစ်ဖုံ ဆန်းသစ်နေတဲ့ အာသာကာရီလေးကို မြင်ရမှာပါ။ လူတွေရဲ့ သဘာဝကလည်း ဇာတ်ကောင် တစ်ကောင်ကို အရွယ်ရောက်ပြီးသား ပုံစံနဲ့ မြင်ရတာထက် ကလေးဘဝ အရွယ်က စတင် ထိတွေ့ရတာက ပိုပြီး ရင်းနှီးစေတတ်တဲ့ သဘောရှိတယ် မလား။ ဘော်ဒါတစ်ယောက် အပေါင်းအသင်း တစ်ယောက်လို ဒါမှမဟုတ် ဒီကောင့်ကို ငယ်ငယ်လေး ကတည်းက ငါသိတာပေါ့ ဆိုတဲ့ ဖီလင်မျိုး ရစေပါတယ်။ စိတ်ဝင်စားစရာ ကောင်းသလို ချစ်စရာလည်း ကောင်းတဲ့ ဇာတ်လမ်းလေး ဖြစ်တာမို့ Aqua Man ရဲ့ ငယ်ဘဝလေးကို ဝင်ရောက် ခံစားကြည့်ကြရအောင်ပါ။