Rosella

မယ်လွင့်

900 Kyats ကျပ်
ရိုဆယ်လာနဲ့သာ အပြင်မှာ ဆုံတွေ့ခွင့်ရမယ်ဆိုရင် ကိုယ်ဟာ နတ်ပြည်မှာနေပြီး ငရဲကျနေသလို ခံစားနေရတဲ့ ဝေဒနာထဲမှာ နစ်မြုပ်နေမှာ ကျိန်းသေပေါက်ပဲ။ ဆရာမကြီး ကြည်အေးရဲ့ ‘မီ’ က လူကို တစိမ့်စိမ့်နဲ့ ရူးသွပ်သွားအောင် ပြုစားနိုင်တယ်ဆိုရင် မယ်လွင့်ရဲ့ ‘ရိုဆယ်လာ’ ကြောင့် သွက်သွက်ခါအောင် ရူးသွားနိုင်တယ်လို့ ပြောရလိမ့်မယ်။ ဆိုရရင်တော့ တစ်ဘဝစာ ရူးသွပ်မှုမျိုးပါပဲ။ ထုံးစံတွေ စည်းတွေ ဘောင်တွေကို ချိုးဖျက်ပြီး ကိုယ်ပိုင် ဖြစ်တည်မှုနဲ့ စိတ်ကြိုက် တည်ရှိနေတဲ့ ရိုဆယ်လာ ဆိုတဲ့ မိန်းကလေးဟာ ကျနော်တို့ စာဖတ်သူတွေအဖို့ မေ့မရနိုင်တဲ့ female character တွေရဲ့ စာရင်းမှာ ထိပ်ဆုံးကနေ ရှိနေလိမ့်မယ် ဆိုတာတော့ ငြင်းစရာ မရှိဘူးပဲ။ (ဝန်ဇင်းအက်ဒမင်) ဆရာမချိုပိန်းနောင်ရဲ့သုံးသပ်ချက်