အင်းတော်ရှင်ရဲခေါင်နှင့် ရတနာကျောက်စီဓား

ရှိုင်းဝေလင်း(ပုတီးကုန်း)

200 Kyats ကျပ်
“သူ့ရဲ့ မှော် တုတ်တစ်ချက် ဝှေ့လိုက်ရင် အနီးနား တစ်ယူဇနာ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာအားလုံးဟာ အပိုင်းပိုင်း ပြတ်သွားသည် အထိ စွမ်းအားကြီးတယ်” “အင်း ဒါဆိုရင်တော့ သူ့အဆင့်ကလည်း မသေးဘဲကို” “ဟုတ်ပါတယ် ကျုပ်တောင် ရတနာဓားကို ရခဲ့ပေမဲ့ ရတနာဓားရဲ့ စွမ်းအား အသက်ဖြစ်တဲ့ ဓာတ်လုံးကိုတော့ မရခဲ့ဘူး။ သူ ရတနာ ဓာတ်လုံးကို တုတ်ထဲကို ထည့်သွင်းနေချိန်မှာ ကျုပ် ထွက်ပြေးခဲ့တာပါ” “ဘယ်လို ရတနာဓာတ်လုံး ဟုတ်လား” “ဟုတ်တယ် အင်းတော်ရှင် ရတနာကျောက်စီ ဓားရဲ့ အစွမ်းဟာ ရတနာ ဓာတ်လုံးပေါ် မူတည်တယ် ဓာတ်လုံးသာ မရှိရင် ဒီဓားဟာ သာမန်ဓားပါပဲ” “ဒါဆိုရင်တော့ ဓာတ်လုံးကိုပဲ ရအောင် ပြန်ယူရတော့မှာပေါ့” “ဒီလိုလည်း မဟုတ်သေးဘူး အင်းတော်ရှင်၊ ရတနာ ဓာတ်လုံးကို မှော်တုတ်ရှင်ဟာ သူ့တုတ်မှာ ထည့်သွင်းထားတယ်။ ဓာတ်လုံး အစွမ်းနဲ့ မူလမှော်တုတ် စွမ်းအား ပေါင်းထားတာ ဖြစ်တဲ့အတွက် ဘယ်လိုမှ မယှဉ်နိုင်ဘူး အင်းတော်ရှင်” “နည်းလမ်းများ မရှိတော့ဘူးလား ဗျာ” “နည်းလမ်းတော့ ရှိပါတယ်။ ဒါကြောင့်လည်း အင်းတော်ရှင်ကို စောင့်ဆိုင်း နေရတာပါ”