သင်ချစ်ရာကိုချစ်၍ သင်မုန်းရာကိုမုန်းသည်

နှင်းဝေငြိမ်း

600 Kyats ကျပ်
'ကျွန်မဆီကို ခန့် လာတာ ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ။ ကျွန်မ သူနဲ့ ပတ်သက်ရင် ဘယ်သူ့ကိုမှ မတွေ့ချင်လို့ ဒီအထိ ပြောင်းနေတာပါ။ ခန့်လည်း သူ့ကို ချစ်တယ်ဆိုရင် သူနဲ့ ကျွန်မ တစ်ချိန်က သက်ဆိုင်ခဲ့တာ မေးပစ်လိုက်ပါတော့။ ခန့်ဘဝထဲမှာပဲ သူ နေသွားတယ်လို့ အောက်မေ့ပြီး ကျွန်မတို့နှစ်ယောက် အပြုံးနဲ့ လမ်းခွဲကြရအောင်' ဆိုတဲ့ နာကျင်ပြတ်သားမှုတွေနဲ့ မိန်းမတစ်ယောက်ရဲ့ဘဝကို ကိုယ်စားပြုတဲ့ တင်မေမျိုး။ 'ခန့် မမမျိုးကို တွေ့ချင်လို့ပါနော်။ ခန့်ကို လက်ခံစကားပြောပါ မမမျိုးရယ်၊ ခန့် မိုက်ခဲ့သမျှ ဝန်ချပါတယ်၊ အခု မောင်လည်း မရှိတော့ပါဘူး။ မောင့်ကိုယ်စား ခန့် လာတောင်းပန်တာပါ' ဆိုတဲ့ ချောချောလှလှ မုဆိုးမ ပူပူနွေးနွေးလေး ခင်ခင်ခန့်။ ကိုရဲနီဆိုတဲ့ ယောက်ျားတစ်ယောက်နဲ့ ပတ်သက်ခဲ့မိတဲ့ မိန်းမသားနှစ်ဦးရဲ့ တွေ့ဆုံမှုက ကိုရဲနီ ကားအက်ဆီးဒင့်န်နဲ့ ကွယ်လွန်ပြီး တစ်လကျော်အကြာမှာ အသက်အာမခံလျော်ကြေး ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့ပါတယ်။ စွန့်ခွာလာခဲ့တဲ့ အတိတ်အတွက် လှည့်ကြည့်စရာမလိုလို့ သတ်မှတ်ထားမိတဲ့ မျိုး၊ စွန့်ခွာခဲ့ပြီးတဲ့ အိမ်၊ ခြံ၊ မြေနဲ့ လူတစ်ယောက်ဆီမှာ ပိုင်ဆိုင်ခဲ့သမျှ အဆုံးသတ်ခဲ့ပြီလို့ ခံယူခဲ့တဲ့ မျိုးအတွက် ကွယ်လွန်ပြီးချိန်မှာမှ စွန့်ခွာခဲ့သူဆီက ရပိုင်ခွင့်ကို သူ့ဇနီးဆိုသူက တောင်းတောင်းပန်ပန် လာပေးတဲ့အခါ ... သူတို့ရဲ့ အတိတ်တွေက ဘယ်လို စိတ်ဝင်စားစရာတွေ၊ နာကျင် ကြေကွဲစရာတွေနဲ့ ပြည့်နေမလဲဆိုတာကို ဆရာမနှင်းဝေငြိမ်းရဲ့ ပြောင်မြောက်ညက်နုတဲ့ အရေးအသား၊ သပ်ရပ်လှပတဲ့ ဇာတ်အိမ်ဖွဲ့မှု၊ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့အတူ ဖတ်ရှုကြရမှာပါ။