အလွမ်းလွင့်ရေစီး

နှင်းသီရိကျက်သရေ

600 Kyats ကျပ်
ဇမ္ဗူထွန်းက ကျူရှင်ဆရာ။ ဝါသနာကလည်း ကိုယ်တတ်ထားတဲ့ပညာနဲ့ သူများကို ဆရာလုပ်ရတာဆိုတော့ ကျူရှင်ဆရာအလုပ်နဲ့ ကွက်တိပဲပေါ့။ လူကလည်း လူပျိုကြီး။ အိမ်ထောင်ရေးမပြောနဲ့ အချစ်ရေးဆိုတာကို အာရုံထဲကိုမရှိတာ။ ဒါပေမဲ့ “ငါ့ရဲ့ဘဝမှာ မိဘရယ်၊ မြတ်နိုးတဲ့စာတွေရယ်၊ ချစ်ရတဲ့ တပည့်တွေရယ်နဲ့ပဲ ဘဝတစ်ခုကို ပျော်ရွှင်စွာနဲ့ ဖြတ်ကျော်လာခဲ့တယ်။ ဒီသုံးခုသာ ငါ့ဘဝရဲ့တစ်သက်တာလမ်းများလို့ထင်ခဲ့တယ်။ ဒီအထင်ကတော့ မင်းနဲ့ မတွေ့ခင်အချိန် အထိပဲပေါ့ သပြေမြရိပ်ရယ်” ဆိုတဲ့အတိုင်း လူပျိုကြီး ဇမ္ဗူထွန်းနဲ့ မြရိပ်ဆိုတဲ့ကောင်မလေးတို့ ဘယ်မှာ၊ ဘယ်လိုတွေ့ကြပြီး ဘယ်လိုအချစ်ဇာတ်လမ်းတွေ ဖန်တီးမိသွားလဲဆိုတော့ !