အလွမ်းတပွင့် ပန်းတပွင့်

နွမ်ဂျာသိုင်း

700 Kyats ကျပ်
>> ‘ပန်သူမရှိပါနဲ့ဦး … စံပယ်ဖြူရယ် …’ တဲ့။ 'အေးချမ်း' တစ်ယောက် 'စံပယ်ဖြူ'ကို မြင်မြင်ချင်း ချစ်မိသွားတယ်။ သူမဘာလုပ်လုပ် ချစ်ဖို့ကောင်းနေတယ်လို့ပဲ သူမြင်မိနေတယ်။ အထေ့အငေါ့လေးတွေနဲ့ စကားပြောတတ်တဲ့ ပုံစံ၊ အပြုံးလေးတွေကို စွဲမက်နေမိတယ်။ အေးချမ်းက ကိုယ့်ဘဝကိုယ်သိလို့ စိတ်ကိုဖြတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ စံပယ်ဖြူက သူ့အနား မကြာခဏရောက်လာခဲ့တယ်။ အနားကို မကြာမကြာ ရောက်လာတတ်လို့ သဘောကျမယ် ကြံရုံပဲရှိသေးတယ် 'စံပြယ်ဖူ'ရဲ့ စကားတစ်ခွန်းကြောင့် 'အေးချမ်း'တစ်ယောက် ငိုင်ကျသွားခဲ့တယ်။ သူ့ကို ညီမအရင်းလို သဘောထားတဲ့ … ကဲ၊ ဆက်သာဖတ်ကြည့်လိုက်တော့နော်!