နှင်းဆီမြစ် နှင့် အခြားဝတ္ထုတိုများ

နိုင်းနိုင်းစနေ

1000 Kyats ကျပ်
‘စွင့်ကားနေတဲ့ နှင်းဆီပွင့်တွေက အကိုင်းအခက်မှာ ချိတ်ဆွဲလို့၊ လေပြည်ထဲမှာ မွှေးကြိုင်တဲ့ရနံ့နဲ့ လျှို့ဝှက်တဲ့ ဆွဲဆောင်မှုတချို့ ပြန့်ကျဲလို့ …’ ဆိုတဲ့ စာညွှန်းလေးနဲ့ ဆရာမနိုင်းနိုင်းစနေရဲ့ ရသဝတ္ထုတိုစု စာအုပ်လေးပါ။ ဒီစာအုပ်လေးက ဖတ်သူရဲ့ အတွေးနဲ့ ဘဝကို ပြောင်းလဲပစ်စေနိုင်တဲ့ ရသစစ်စစ် ဝတ္ထုတိုတွေကို စုစည်းထားတဲ့ စာအုပ်ပါ။ ဥပမာပေါ့။ မိုးဒဏ်လေဒဏ် ခံရပြီး နာမကျန်းဖြစ်နေတဲ့ သူတောင်းစားကို ရောဂါမပြန့်ပွားအောင် ဆေးကုပေးဖို့ နေရာရောက်တော့ သူက ဒီလိုတွေးတယ်။ ‘သေလုဆဲဆဲ ဖြစ်နေတဲ့ ကျွန်တော့်အတွက် စိတ်မကောင်း ဖြစ်မနေပါနဲ့။ အခုဆို ကျွန်တော့်မှာ အမိုးရှိနေပြီ။ အိပ်ဖို့ ခုတင်ရှိနေပြီ။ လက်အိတ်စွပ်မထားတဲ့လက်နဲ့ အကိုင်အတွယ် ခံနေရပြီ’ တဲ့။ ကြင်နာယုယမှုဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာ ကျွန်တော်တော့ နားလည်လိုက်မိပါတယ်။ စာချစ်သူတို့လည်း ခံစားကြည့်ကြပါဦးနော်။