လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး

နိုင်းနိုင်းစနေ

1000 Kyats ကျပ်
သာမန်လျှံကာ သူလိုကိုယ်လို နယူးယောခ့် လမ်းတွေပေါ်မှာ တွေ့မြင်နေကြ လူကြီးတဦးဟာ အင်မတန်ကို ချမ်းသာကြွယ်ဝတဲ့ သန်းကြွယ် သူဌေးကြီး ဖြစ်နေတယ် ဆိုရင် စာဖတ်သူတို့ ယုံနိုင်ကြမှာလား။ မယုံမရှိပါနဲ့။ အဲဒီလို လူကြီးဟာ တကယ် ရှိပါတယ်။ ဒါ့အပြင်ကို ဒီလူကြီးဟာ ကမ္ဘာအရပ်ရပ်က လိုအပ်ချက် ရှိတဲ့ နေရာတွေဆီ သူ့ပိုင်ဆိုင်သမျှကို လှူဒါန်းနေတဲ့ လူမသိ သူမသိ အလှူရှင်ကြီး တဦးလည်း ဖြစ်နေပြန်ပါတယ်။ အဲဒီလို လူတစ်ဦးရဲ့ ရှင်သန်ရပ်တည်မှုက ဘယ်လိုများပါလဲ။ ဒါဟာ စာဖတ်သူတို့အတွက် ဘဝနေနည်း နိသျှတရပ်လည်း ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းနဲ့အတူ အခြားသော လူ့ဘဝမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားနိုင်မယ့် ဥပမာဖြစ်ရပ်များကို နိုင်းနိုင်းစနေက စာဖတ်သူတို့ရဲ့ ဘဝနေ့ရက်တွေအတွက် ဖော်ညွှန်းပြထားတာမို့ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။