လင်းလက်တဲ့ချစ်မီးအိမ်

နိုင်းနိုင်းစနေ

1000 Kyats ကျပ်
“အောင်မြင်တဲ့ အိမ်ထောင်ရေးမှာ အချက်နှစ်ချက်ပဲ ရှိပါတယ်။ နံပါတ် (၁) ကတော့ လူကောင်းတစ်ယောက်ကို ရှာပါ။ နံပါတ် (၂) ကတော့ ကိုယ်ကိုယ်တိုင် လူကောင်းဖြစ်အောင်လုပ်ပါ” တဲ့။ ဒီလောက်ပါပဲ။ အင်မတန်ကို ရိုးရှင်း လွယ်ကူပါတယ်။ ဒီလောက် လွယ်ကူလှတဲ့ အောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို စာဖတ်သူတို့ သိပါသလား။ နိုင်းနိုင်းစနေရဲ့ လင်းလက်တဲ့ ချစ်မီးအိမ်ဟာ ချစ်ခြင်းမေတ္တာနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းအတွင်း လူ့အသိုင်းအဝိုင်း ပေါင်းစပ်ခြင်းတို့ကို လင်းလက်တဲ့ ချစ်မီးအိမ်နဲ့ တည်ဆောက်နိုင်ဖို့ အထက်ပါ လျှို့ဝှက်ချက်လိုမျိုး လျှို့ဝှက်ချက်များစွာကို ဥပမာစာစုလေးတွေနဲ့ ဖော်ညွှန်းပေးထားတာပါ။ ဒါကြောင့် လူတိုင်းဖတ်ရှုပြီး လူ့အဖွဲ့အစည်းအတွင်း လင်းလက်တဲ့ ချစ်မီးအိမ်လေးတွေကို ထွန်းညှိဖို့ အကြံပြုလိုက်ပါတယ်။