စမ်းချောင်းလေးရဲ့ ခရီးစဉ်

နိုင်းနိုင်းစနေ

1000 Kyats ကျပ်
တောင်တန်းတွေပေါ်မှာ မြစ်ဖျားခံ၊ တောတောင်၊ လွင်ပြင်၊ ကန္တာရအဆင့်ဆင့်ကို ဖြတ်ကျော်လာတဲ့ စမ်းချောင်းလေးရဲ့အကြောင်းပါ။ "ရှေ့ကိုဆက်ဖို့ ငါဆိုတဲ့ အစွဲ၊ အတ္တတွေကို ဖယ်ဖို့လိုတယ်" "ပတ်ဝန်းကျင်ကို ပြောင်းလဲလို့မရရင် ကိုယ့်ကိုကိုယ် ပြောင်းလဲကြည့်ရမယ်၊ နဂိုရှိရင်းစွဲ စိတ်ဓာတ်နဲ့ စိတ်ထားကို မပြောင်းလဲသ၍ ကိုယ်ဟာ ကိုယ်ပါပဲ" စတဲ့ စာသားလေးတွေဟာ စာတစ်ပိုဒ်ဖတ်လိုက် မျက်လုံးလေးမှိတ် တွေးလိုက်နဲ့ဆိုရင် သိပ်အရသာရှိတာပါပဲ။ စိတ်ဓာတ်ကျနေသူတွေ အတွက်လည်း လောကကြီးအပေါ် မကျေနပ်တဲ့ အတွေးအမြင်တွေ ပြောင်းလဲစေဖို့ တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုစေမှာ အမှန်ပါပဲ။ ကိုယ့်စိတ်ကိုယ်သာ အောင်နိုင်ရင် လောကကြီးကို အောင်နိုင်တာမို့ အခုညွှန်းပေးထားတဲ့ စာအုပ်လေးတွေဟာ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်းတွေအတွက် အနည်းအကျဉ်း အထောက်အကူရတယ် ဆိုရင်ကိုပဲ ညွှန်းပေးရကျိုး နပ်တယ်လို့ ဆိုရမှာပါပဲ။ - Recommended by ဝိုင်းစိန် - (Member of Wun Zinn Readers Club)