ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်

မြသန်းတင့်

1100 Kyats ကျပ်
မြန်မာစာပေသမိုင်းတစ်လျှောက်မှာ ရေးအားအကောင်းဆုံး စာရေးဆရာကြီးဖြစ်တဲ့ ဆရာမြသန်းတင့်ရဲ့ နာမည်ကြီး ပင်ကိုရေးဝတ္ထုပဲ ဖြစ်တယ်။ အလုပ်သမား သံချောင်း၊ အိမ်ပြေး ရဲမြင့်၊ ကဗျာဆရာယောင်ယောင် အလုပ်လက်မဲ့သမား ပညာတတ် ကိုနန္ဒာ၊ မှောင်ခိုစက်လှေပိုင်ရှင် ဦးဘရန် စတဲ့ ဇာတ်ဆောင်လေးဦးနဲ့ ပင်လယ်ပြင်ကို နောက်ခံထားပြီး ရေးဖွဲ့လိုက်တဲ့ ဒီဝတ္ထုဟာ ရိုးရိုးရှင်းရှင်းနဲ့ ဆန်းကြယ်နေတယ်။ ဆရာမြသန်းတင့်က အမှာစာမှာ ‘လူငယ်တွေရဲ့အားမာန်’ အတွက် ရည်ရွယ် ရေးသားတယ် ဆိုပေမဲ့ တစ်ဖက်မှာတော့ နိုင်ငံရေးသမား၊ စာရေးဆရာတွေကို ဆိုးရွားရက်စက်စွာဖြင့် ‘ကိုကိုကျွန်းအကျဉ်းစခန်း’ ကို ပို့ခဲ့တဲ့ စစ်အာဏာရှင်တို့ရဲ့ လုပ်ရပ်များနဲ့ လူတန်းစားတိုက်ပွဲ၊ ကိုကိုးကျွန်းမှာ စွန့်လွှတ်အနစ်နာခံခဲ့သူများ၊ ဒါတွေကို အခြေခံပြီး ဖြုတ်၊ပယ်၊သတ် ကြမ်းတဲ့ စာပေကင်ပေတိုင်ခေါ် စာပေစိစစ်ရေး မျက်စိလည်အောင် ဝတ္ထုအသွင်နဲ့ ရေးသားခဲ့တဲ့ သမိုင်းပုံရိပ်တစ်ခုလည်း ဖြစ်နေပြန်တယ်။ ဖတ်ကြည့်ပါ၊ စာသမားတွေ ဖတ်ထားသင့်တဲ့ ထိပ်ဆုံးစာရင်းဝင်စာအုပ်ပဲ ဖြစ်ပါတယ်။