မဟူရာမှော်ဝင်အရုပ်

တွိစက်က

800 Kyats ကျပ်
...တောအုပ်ထဲက သစ်ပင်ချုံနွယ်တွေ အကြားက ကျောက်ရုပ်နဲ့တူတဲ့ အရုပ်တစ်ရုပ်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ဟန်တူတဲ့ ဒီကျောက်ရုပ်ဟာ ဘယ်လို အရုပ်မျိုးလဲဆိုတာ ဘယ်သူမှ ခန့်မှန်းမရပါဘူး။ တစ်နေ့မှာတော့ အလုပ်သမားတွေ မွေးမြူထားတဲ့ ကြက်၊ ဝက်၊ နွားတွေ တစ်ရက်ခြား တစ်ကောင် နှစ်ကောင် ပျောက်ပျောက်သွားခဲ့တဲ့ နောက်မှာတော့ အလုပ်သမားတွေဟာ မသင်္ကာတော့ဘဲ တောကို ရှင်းလို့ ရှာဖွေစုံစမ်းကြည့်တဲ့အခါ … သစ်ချုံတစ်နေရာမှာ သွေးညှီနံ့၊ အပုပ်နံ့တွေ ရတာနဲ့ ဆက်လက် ရှင်းလင်းရင်း … ကျောက်ရုပ်ကြီးအနား ရောက်လာတဲ့အခါ သွေးအလူးလူး စွန်းပေနေတဲ့ ကျောက်ရုပ်ကြီးကို မြင်လိုက်တော့ အားလုံး အံ့အားသင့်သွားကြရတယ်။ ဒီကျောက်ရုပ်ဟာ အသက်ဝင်လာပြီး တိရစ္ဆာန်တွေကို သတ်ဖြတ် စားသောက်ခဲ့လေသလား ၊ ဘာကြောင့်လဲ … စတဲ့ စိတ်ဝင်စားဖွယ် ကျောခြမ်းဖွယ် ခံစားမှုတွေနဲ့ လက်ကမချနိုင်အောင် ဖတ်ရှုကြရမယ့် ဆရာတြိစက္ကရဲ့ မဟူရာမှော်ဝင်အရုပ် ဂမ္ဘီရဆန်းကြယ် ဝတ္ထုရှည်ကြီး ဖြစ်ပါတယ်။