မရဏေမွာ္ဝင္ဓား

တြိစက္က

800 Kyats ကျပ်
...ဂမ္ဘီရဆန်းကြယ် ဝတ္ထုတွေ၊ စွန့်စားခန်း ဝတ္ထုတွေနဲ့ စာဖတ်ပရိသတ် အခိုင်အမာ ရှိတဲ့ ဆရာတြိစက္ကရဲ့ ထူးခြားလက်ရာ ဝတ္ထုရှည်တစ်ပုဒ်။ အီဂျစ်ပြည်၊ ဖာရိုဘုရင်တွေရဲ့ ဂူသင်္ချိုင်းတွေ၊ ဆန်းကြယ်ထူးခြားတဲ့ ပိရမစ်ကြီးတွေနဲ့ ရတနာသိုက်တွေ၊ ဖာရိုဘုရင် ဆက်နီဖာရဲ့ ပျောက်ဆုံးနေတဲ့ လျှို့ဝှက်ဂူသင်္ချိုင်း (သို့မဟုတ်) ဝိညာဉ်လှောင်အိမ်ခေါ် သေမင်းခံတွင်းပေါက်ဝ … စတဲ့စတဲ့ အံ့သြဘနန်း ဖြစ်ရပ်ဆန်းတွေကို စိတ်ဝင်စားဖို့ကောင်းအောင် ရေးသားထားတဲ့ ဒီစာအုပ်ထဲမှာ ဂမ္ဘီရနဲ့ သုတရသ ပညာရပ်တွေကို ရောပြွန်းလို့ ဇာတ်အိမ်ဖွဲ့ ရေးသားထားတာကြောင့် စာဖတ်သူ သေချာပေါက် သဘောကျသွားပါလိမ့်မယ်။