စည်းသုံးတန်ခြားသည့်တောကြမ်း

တွိစက်က

800 Kyats ကျပ်
စာရေးဆရာတြိစက္ကရဲ့ ဂမ္ဘီရဆန်းကြယ်လုံးချင်းဝတ္ထုဖြစ်တဲ့ ဒီစာအုပ်ထဲမှာ လျှို့ဝှက်သည်းဖို ဇာတ်လမ်းနဲ့ ဗဟုသုတရဖွယ် အကြောင်းအရာမျိုးစုံကို ဖတ်ရှုခံစားရမှာပါ။ ဂျိုးဇက်ခေါင်းဆောင်တဲ့ ခရစ်ယာန်သာသနာပြုအဖွဲ့က ပူတာအိုမြောက်ဘက် ချိုင့်ဝှမ်းလွင်ပြင်မှာရှိတဲ့ လူသူအရောက်အပေါက်နည်းတဲ့ မူလာရှီးဒီရွာကလေးဆီမှာ သာသနာပြုခဲ့ပြီးတဲ့အခါ၊ ရွာလူကြီးဖြစ်တဲ့ ဦးထန်ဖုန်းရှိန်ကို သာသနာပြုအဖွဲ့ခေါင်းဆောင် ဂျိုးဇက်က ရွာကလေး မပျက်စီး သာသနာလည်း မတိမ်ကောအောင် စောင့်ရှောက်ဖို့ မှာခဲ့တယ်။ ဦးထန်ဖုန်းရှိန်ဟာ လူသတ်ပြီး ထွက်ပြေးနေတဲ့ စစ်တရားခံတစ်ယောက်ဖြစ်မှန်း သိနေတော့ သူ့ကို အတုံ့အလှယ် သဘောမျိုးနဲ့ တာဝန်ပေးခဲ့တာပေါ့။ ဒါပေမဲ့ မကြာခင်မှာပဲ ရွာနားက မိုးမခတောထဲမှာ လပြည့်လကွယ်တိုင်း ကြောက်စရာကောင်းတဲ့ အော်သံနက်ကြီးတွေ ထွက်ပေါ်လာတဲ့အခါ - “တောစောင့်နတ်နဲ့ တောင်စောင့်နတ်တွေကပြောတယ်၊ အခု မိုးမခတောထဲမှာ ရောက်နေတဲ့ မိစ္ဆာကောင်ဟာ မိုးမခတောစောင့်နတ်ရဲ့ လက်ပါးစေဖြစ်တဲ့ မိစ္ဆာတစ်ကောင်ပဲ” ( နတ်ဆရာ ဇမုန်းထန် ) စိတ်လှုပ်ရှားစွာနဲ့ ဖတ်ရှုရမယ့် ဒီစာအုပ်ကို ဝန်ဇင်းမှာ ခုပဲ ဖတ်ရှုလိုက်ပါ။