ပန်းတွေပြိုတဲ့ရာသီ

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
‘ချစ်သူရဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် စကြဝဠာတစ်ခုလုံး ဝတ်မှုန်တွေ တလက်လက်တွေ ကြွေလွင့် ... ပန်းကလေးတွေရဲ့ မျက်ရည်ပွင့်တွေ ပင်လယ်ကြီး ဖြစ်သွားခဲ့ပြီ …’ တဲ့။ ဒီကဗျာလေးနဲ့ နိဒါန်းပျိုးထားတဲ့ ဆရာမ ကြယ်စင်မှူးဝေရဲ့ ဝတ္ထုလေးက ဒီလိုခင်ဗျ။ ခင်သတိုး ဆိုတဲ့ ကောင်မလေးဟာ ကလေးထိန်းဆိုတဲ့ အလုပ်တစ်ခုကို ရဖို့ ခမ်းနားကြီးကျယ်လွန်းတဲ့ အိမ်ကြီးတစ်အိမ်ဆီ ရောက်သွားခဲ့တယ်။ အိမ်ကြီးဆီ မလာခင်မှာ သူငယ်ချင်းဖြစ်သူက သတိပေးခဲ့တယ်။ ‘ကမ္ဘာပေါ်က ဇီဇာအကြောင်ဆုံး၊ သဝန်အကြောင်ဆုံး မိန်းမတစ်ယောက်နဲ့ နင် သွားတွေ့ရမယ်။ ကံကောင်းရင် လစာအများကြီးနဲ့ အလုပ်ကောင်းကောင်းရမယ်။ ကံမကောင်းရင်တော့ …’ ဆိုတဲ့ အမှာစကားကို ပြန်ကြားယောင်ရင်း ခင်သတိုး ရင်တထိတ်ထိတ် ဖြစ်နေခဲ့တယ်။ ကဲ … ခင်သတိုးတစ်ယောက် သူငယ်ချင်းပြောတဲ့ အမျိုးသမီးနဲ့ ဘယ်လို ရင်ဆိုင်တွေ့မှာလဲ၊ အလုပ် လုပ်ခွင့်ရမှာလား၊ ဘာတွေ ဆက်ကြုံရဦးမလဲ ဆိုတာကိုတော့ …