ကျောက်ဆစ်နတ်သမီး ဆည်းဆာရီ

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
‘ကမ္ဘာမြေမဟီ ထက်ခြမ်းကွဲ၊ တောတောင် ရေမြေတွေ ထက်ခြမ်းကွဲ၊ သဲကန္တာရတွေ ထက်ခြမ်းကွဲ၊ မီးတောင်မြုံတစ်ခုရဲ့ နံရိုးနဲ့ ဂျပန်ရွာလေးတစ်ရွာရဲ့ ကံကြမ္မာလို၊ နဂါးတစ်ကောင် ကင်းစောင့်တဲ့ ပင်လယ်သေထဲက ပင်လယ်ငါးတွေလို၊ မိုးကောင်းကင်ဆီ မျှော်ရင်း ... သက်တံတွေဆီ မျှော်ရင်း ... သမုဒ္ဒရာဆီ မျှော်ရင်း ... တောင်တန်းတွေဆီ မျှော်ရင်း၊ ကျွန်မဘဝက... ယောကျာ်းတစ်ယောက်ရဲ့ ပြီးစလွယ် စကားတစ်ခွန်းဟာ ကြယ်မှုန်လေး တစ်ပွင့်လောက်ပဲ ရွှန်းမြ၊ မုသာဝါဒတွေနဲ့ ကမ္ဘာကြီး မီးလောင် ပြာကျသွားတော့မလား’ ဆိုတဲ့ ဝေဒနာသည်မလေး သဇင်ရီ။ ဒီဇာတ်လမ်းလေးက ဦးဦးနဲ့ ကောင်မလေးတို့ကြားက အငြိုးအတေး၊ ချစ်ခြင်းမေတ္တာ၊ သံယောဇဉ် အနှောင်အဖွဲ့တွေကို လှလှပပ ရက်ယှက်ပုံဖော်ထားတဲ့ အချစ်နဲ့ အိမ်ထောင်ရေးနောက်ခံ ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းက သမားရိုးကျတော့ မဆန်ဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေက စာချစ်သူတို့ကို အစကနေ အဆုံးအထိ လက်ကမချနိုင်အောင် ဆွဲဆောင်သွားမှာ အသေအချာပါပဲခင်ဗျ။