မာယာပင်လယ်ပြာ

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
စာမြည်း ။ ။ “အစ်မတို့ကလည်း အိမ်ထောင်ကျနေတာတောင် လှချင်ကြတုန်း။နောက်တစ်ယောက်ရမှာ ကျနေတာပဲ” “ဟဲ့…ငဒီ…နင် မသိရင် အသာနေ၊ အိမ်ထောင်သည်ဆိုတာ အပျိုထက် ပိုပြင်ရတယ်ဟဲ့။ အပျိုက မပြင်…ပြင်…ပြင်ပြဿနာမရှိဘူး။ အိမ်ထောင်သည် မပြင်တော့၊ မလှတော့ ကိုယ့်ယောက်ျား သူများနောက် ပါသွားမှာပေါ့” ❤ “ဟား…မလွယ်ပါလား၊ အစ်မတို့ကလည်း ဥစ္စာခြောက်နေလိုက်ရတာ။ ဒီလောက်တောင် မျက်နှာမလွှဲရ၊ သစ္စာမရှိကြရင်လည်း သွားပေါ့၊ဂျောင်းပေါ့ဗျ…ဘာခက်တာလိုက်လို့” အစ်မ (၃)ယာက်ကို ကားမောင်းပို့နေရတာ မအားမလပ်ရတာမို့မောင်အငယ်ဆုံးလေးပီပီ ရဲဒီပါကလည်း အပေါက်ဆိုးဆိုး။ အစ်မတွေကလည်း သူတို့ရုပ်ကလေးတွေမှ အားမနာ။ ပါးစပ်ထွက်ကတော့ မသက်သာ။ ❤ “ဟဲ့…ငနာလေး…နင်က ကိုယ့်အစ်မတွေကို တစ်ခုလပ်၊ တစ်လင်ကွာ ဘဝတွေနဲ့ မိဘအိမ်ပြန် သောင်တင်စေချင်လို့လား။ နင့်ယောက်ဖတွေကို လွှတ်ထားလို့ကတော့ ဒီခေတ်မိန်းမတွေကလည်း စနိုက်ကြော်မတွေက ခပ်များများ။ ရယ်ဒီမိတ်ကြီးဆိုပြီးကောက်စွပ်သွားမှာချည်းပဲ” “ဟာဗျာ…” “ငါက ရိုးရိုးပြောတာ။ ဒီတော့ ငါတို့အိမ်ထောင်သည်တွေဆိုတာ အပျိုတွေထက် ကိုယ့်ကိုယ်ကိုယ် ပိုပြင်ရ၊ သ,ရတယ်။ .... "