ချစ်ခြင်းဖွဲ့ စင်္ကြာဝဠာ

ကြယ်စင်မှူးဝေ

600 Kyats ကျပ်
ကလေးတွေထဲမှာ အပြိုင်ကဲနေသူဟာ နွေဦးလေပြည်လို့ အမည်ရသည့် အသက်နှစ်ဆယ်အရွယ် မိန်းမချောလေး ဖြစ်နေသည်က ဆိုးပါသည်။ ဆာမူရိုင်းဆံပင်လိုလို မြင်းမြီးလိုလို ဆံပင်နုနုလေးများက ရွှေနီရောင်သန်းနေပြီး အင်တာနေရှင်နယ် ကိုယ်လုံးလေးကတော့ ၅ပေ ၆လက်မ အရပ်နှင့်အညီ ပြည့်ပြည့်လေး။ သို့သော် ကုလားမတွေလို ဂျီတွေ ဘီတွေ အယ်စတုန်မနေဘဲ လှရုံပရုံလေးမို့ သူမဝတ်ထားသည့် ရှပ်ပွပွ ဒူးကျစတိုင် ဘောင်းဘီပွပွတို့အောက်မှာ အခိုက်အတန့် နစ်မြုပ်ပုန်းလျှိုးရသည်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို နွေဦးလေပြည် အားထည့်ကန်လိုက်သည့် ဘောလုံးက ခပ်လှမ်းလှမ်းမြစ်ဆိပ်မှာ သာကူကျိုထိုင်ရောင်းနေသည့် ဒေါ်ပုကြီး၏ သာကူအိုးကို သွားမှန်ပြီး ...