ခ်စ္သက္လ်ာဦး

ကြပ်ကလေး

600 Kyats ကျပ်
ဟာသဇာတ်မြူးဆိုတာ လူသားတိုင်းကို ပျော်ရွှင်မြူးတူးစေသလို ဘဝအမောတွေကိုလည်း ပြေပျောက်စေပါတယ်။ ဒီစာအုပ်ကလည်း နီလာရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းရဲ့ အချစ်ဟာသ ဝတ္ထုလုံးချင်းပါ။ မူရင်းဝတ္ထုတိုကတော့ သွေးသောက်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ “သိပ်ကောင်းတဲ့ဝတ္ထု” ပါ။ ဒါတင်မကသေးပါဘူး (၁၉၆၃) ခုနှစ်တုန်းက ဝတ္ထုတိုတွေစုပေါင်းပြီး “ချိန်းတဲ့ရက်” နာမည်နဲ့ စာအုပ်ထုတ်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒီလို မကြာခဏဖော်ပြခံနေရတဲ့ ဝတ္ထုတိုလေးကို ရုပ်ရှင်ရိုက်ဖို့အကြောင်းဖန်လာအောင် တိုက်တွန်းခဲ့တဲ့သူကတော့ ဆရာငွေဥဒေါင်းပါပဲ။ ဆရာငွေဥဒေါင်းရဲ့တိုက်တွန်းမှုကြောင့်သာ ဝတ္ထုတိုကနေတစ်ဆင့် ရုပ်ရှင်အဖြစ်နဲ့ ထွက်ရှိခဲ့တာပါ။ ဒီတော့ ရုပ်ရှင်ထွက်ရှိလာပြီးတဲ့အခါမှာလည်း ကြည့်ရှုသူတွေကိုမြူးတူးစေသလို စာအုပ်လေးထဲမှာလည်း ဖတ်ရှုသူတွေကို ပျော်ရွှင်မြူးတူးစေမယ့် ရသတွေ အပြည့်အဝ ပါဝင်ပါတယ်။ ဇာတ်လမ်းအစကနေ အဆုံးအထိ မရိုးအီတဲ့ ရယ်စရာဇာတ်ကွက်လေးတွေ ပါဝင်တဲ့အတွက် စာဖတ်သူတွေကို လက်ကမချတမ်း ဖတ်မိစေမယ့် စာအုပ်ကလေးပါပဲ။