မေတ္တာမီးအိမ်

ကြည်အေး

1000 Kyats ကျပ်
ဆရာမကြည်အေးရဲ့ ဝတ္ထုရှည်တွေထဲက နာမည်ကျော်လက်ရာ။ အိမ်ထောင်ကွဲ မိသားစုကနေ မွေးဖွားရှင်သန်လာရသူ မိန်းမသားတစ်ယောက်ရဲ့ ခံစားချက်၊ စိတ်သဘောထား၊ ဝေဒနာနဲ့ စိတ်ဓာတ်ပြင်းထန်မှုတွေက နာကျင်စရာ၊ ဝမ်းနည်းစရာ၊ စိတ်မကောင်းစရာ၊ သံဝေဂရစရာတွေ အပြည့်။ မိဘနှစ်ပါးရဲ့ အိမ်ထောင်ရေး ပြိုကွဲမှုကြောင့် ဖြစ်လာတဲ့ အထီးကျန်မှု၊ စိတ်ဝေဒနာ၊ ရှေးရိုးစွဲအဖေနဲ့ ကြီးတော်ဖြစ်သူတို့အကြားမှာ မလူးသာမလွန့်သာ ဖြစ်ခဲ့ရတဲ့ အဖြူ။ အဖေ့ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ ဆုံးမမှုတွေကြောင့် အဖေကို အဖေလို့မမြင်တော့ဘဲ မကောင်းဆိုးဝါးတစ်ကောင်လို ခံစားထင်မြင်လာမိတဲ့ အဖြူ။ မိဘမေတ္တာကို ငတ်မွတ်ဆာလောင်နေတဲ့ အဖြူ။ စိတ်ရောဂါကု ဆရာဝန်လေးနဲ့ အဖြူရဲ့ ချစ်ခြင်းမေတ္တာဇာတ်လမ်း။ ဆရာမကြည်အေးရဲ့ သိမ်မွေ့ဆန်းသစ်တဲ့ အရေးအသားတွေနဲ့ ဖတ်ကြရမယ့် ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။