တောတောင်ရေမြေ

ကြည်အေး

1000 Kyats ကျပ်
...မူရင်းစာအုပ် >>> Look to the Mountain by LeGrand Cannon, Jr ဒီစာအုပ်ဟာ ပင်ကိုရေးဝတ္ထုနဲ့ ကဗျာတွေပဲ အရေးများတဲ့ ဆရာမကြီး ကြည်အေးရဲ့ ရှားရှားပါးပါး ဘာသာပြန် လက်ရာ စာအုပ်ပဲ ဖြစ်ပါတယ်။ စာအုပ်ထဲက ဝါကျလေးတွေကိုတောင် အလွတ်ကျက်ထားချင်စိတ် ပေါက်သွားလောက်တဲ့အထိ ဆရာမကြီးရဲ့ ဘာသာပြန် လက်ရာက သိပ်ကို လှပပါတယ်။ ဇာတ်လမ်းကတော့ တောထဲတောင်ထဲ ရွာထဲက ကျေးလက် ဘဝသရုပ်ဖော် ဇာတ်လမ်းလေးပါ။ ကောင်လေး တစ်ယောက်ရဲ့ ဒရာမာ ဇာတ်လမ်းလေးလဲ ပါသလို လူတွေရဲ့ စိတ်ဓာတ် စရိုက်တွေကိုပါ မြင်တွေ့ရမယ်။ ပြီးတော့ မြက်ခင်းစိမ်းစိမ်းကို ဖြတ်တိုက်လာတဲ့ လတ်ဆတ် သန့်ရှင်းတဲ့ လေအေးအေးကိုပါ ခံစားမိသွားဦးမယ်။ အဓိက ဇာတ်ကောင် - ကောင်လေး နာမည်က ‘ဝှစ်’ (ဝှစ်လစ်ဗင်စတန်) ဝှစ်ဟာ ရွာမှာ အတော်ဆုံး မြက်ရိတ်သမား ကောင်လေး။ မြက်ရိတ်တာ လှတယ်လို့ ပြောစမှတ်ပြုခံရတဲ့ ကောင်လေးပါ။ အသက်က (၁၉) နှစ် ရှိပြီးပြီ။ အရပ်ရှည်ရှည်၊ အေးအေးချမ်းချမ်း မျက်နှာထားလေးနဲ့ စကားလေးဘာလေး ပြောတတ်တယ်။ ရွာထဲမှာ ဝှစ် ကြိုက်နေတဲ့ ကောင်မလေး ရှိတယ်။ ကျန်တာတော့ SPOIL မှာစိုးလို့ ဆက်မပြောတော့ဘူးနော်။ ရွာရဲ့ အလှည့်အပြောင်း ဖြစ်ရပ်ကြီး တစ်ခုကို စာအုပ်ထဲကနေ စာမြည်းအဖြစ် ဖော်ပြပါရစေ။ စာမြည်း ။ ။ လူနှစ်ယောက် မြက်ရိတ်ပြိုင်မည်မှာ မီးလောင်သလို၊ လူသတ်မှုဖြစ်သလို မဟုတ်သော်လည်း လူတို့သည် မြက်ရိတ်ရာသီတွင် မောလွန်း၍ ခဏနားချင်ကြသည်။ မြက်ရိတ်ပြိုင်ပွဲကို ကြည့်ရမည်လေ။ ထို့ကြောင့် ပေါ်ကြော့နေသည့် လူ့အထက်တန်းစားပမာ သောက်ကာ၊ စားကာ နေလိုက်ကြသည်။ ပိုက်ဆံများပင် လောင်းထားကြသည်။ ဝှစ်သည် မြက်ရိတ် ဘယ်လို တွင်သော်လည်း အရက်စည်ကို အိမ်အပြန် ထမ်းသွားရလေရာ အတော် အားပျော့နေမည် မဟုတ်လား။ မစ္စတာဂိုဝင်ကြီးသည် ပရိသတ်ထဲမှ ထွက်လာကာ တရားသဖြင့် ဖြစ်အောင် ခေါင်းရှုပ်ခံ၍ တွေး၏။ မတော်မတရား ဖြစ်သွားလျှင် သတ်ပွဲနှင့် ဆုံးမည်ဖြစ်၏။ နောက်ဆုံး အကြံရ၏။ သူတို့သည် ကွင်းကို အလျားရိတ်၍၊ တစ်ယောက်အကန့်နှင့် တစ်ယောက်အကန့် အဆုံးမှာ ဖြတ်ကျော်၍ တစ်ဖက်ကို ရိတ်သွားရမည်။ …. ကဲ၊ ဆရာမကြည်အေးရဲ့ ပရိသတ်ကြီးခင်ဗျာ ဒီစာအုပ်ကိုတော့ လုံးဝ လက်လွှတ်မခံဘဲ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ!