မှန်၏မှောင်ရိပ်

ကြည်အေး

1000 Kyats ကျပ်
လူတိုင်းဟာ ဘ၀ခရီးကို လျှောက်လှမ်းကြတဲ့အခါ တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေဟာ အများကြီးပါပဲ။ ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ အားတက်စရာ၊ ဝမ်းနည်းစရာ၊ စိတ်ပျက်အားငယ်စရာ၊ ညှိုးနွမ်းစရာ စသည် … စသည်ဖြင့်ပေါ့။ ဒီအတွေ့အကြုံတွေထဲမှာမှ လူမမည်ကလေးအရွယ် နုနယ်စဉ်မှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကတော့ လူတစ်ယောက်ရဲ့ မသိစိတ် ထောင့်တစ်နေရာမှာ အမြဲတမ်းခိုအောင်းနေတတ်ပါတယ်။ အဲဒီ မသိစိတ်ထဲမှာ ခိုအောင်းနေတဲ့ အဖြစ်အပျက်တွေဟာ အဲဒီ လူတစ်ယောက်ရဲ့ ဘဝခရီးလမ်းကို လွှမ်းမိုးချုပ်ကိုင်လေ့ရှိတယ် ဆိုတာကို စိတ်ပညာရှင်ကြီးများက လက်ခံထားကြပါတယ်။ “ခိုင်” တစ်ယောက်ဟာလည်း ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေရဲ့ လွှမ်းမိုးချုပ်ကိုင်ခြင်းကို ခံနေရသူပါ။ ငယ်ရွယ်စဉ်မှာပဲ တစ်ဦးတည်းသော မောင်လေးဆုံးပါးသွားသလို၊ မိဘနှစ်ပါးကိုလည်း ဆုံးရှုံးလိုက်ရတဲ့ ခိုင့်စိတ်ရဲ့ အရိပ်မှာ မှောင်မည်းနေတဲ့ ထောင့်လေးတစ်နေရာ ရှိနေခဲ့ပါတယ်။ ဒီလိုနဲ့ မိဘမဲ့အထီးကျန် ခိုင်တစ်ယောက်ဟာ အခြားသူတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုနဲ့အတူ ချမ်းသာကြွယ်ဝတဲ့ မိန်းမပျိုလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပါတယ်။ လောကကြီးဟာ ခိုင့်အတွက် တိုက်ဆိုင်စွာပဲ ခိုင့်မောင်လေးနဲ့ ရွယ်တူလောက်ရှိမယ့် ယောက်ျားပျိုတစ်ယောက်နဲ့ တက္ကသိုလ်ကျောင်းတော်ကြီးမှာ ဆုံတွေ့စေပြန်ပါတယ်။ ခိုင့်အတွက်တော့ တွယ်တာဖွယ်ရာ အထီးကျန်နေတဲ့ ဘဝထဲမှာ မြတ်နိုးစုံမက်ဖွယ်ရာ ယောက်ျားတစ်ယောက် ဖြစ်လာတာပေါ့။ အနေနီးစပ်သွားကြတဲ့ ခိုင်နဲ့ စိုးတို့နှစ်ဦးအတွက် တကယ်ဆိုရင် ဘဝခရီးလမ်းက သာယာစိုပြေချမ်းမြေ့ဖွယ်အတိပါ။ ဒါပေမယ့် ခိုင့်စိတ်ရဲ့အရိပ်ထဲက အမှောင်ထုက တစ်ရက်မှာတော့ ခိုင်နဲ့ စိုးတို့ရဲ့ ဘဝထဲကို လွှမ်းခြုံလာခဲ့တယ် ……. ။ ပြောနိုင်တာတစ်ခုကတော့ လွတ်လပ်ရဲရင့်တဲ့ အရေးအသား၊ ဆန်းပြားတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ထုံးလွှမ်းရေးဖွဲ့ ထားတဲ့ ဒီဝတ္ထုဟာ တစ်ခေတ်တစ်ခါက စာပေလောကမှာ အထင်ကရ မှတ်တိုင်တစ်ခုကို စိုက်ထူခဲ့တဲ့ ဆရာမကြီး ကြည်အေးရဲ့ လက်ရာကောင်းတစ်ခု ဆိုတာပါပဲ။ ဒါ့အပြင် လူတစ်ယောက်ဆီတိုင်းအတွက် ထင်မှတ်မထားတဲ့ အသေးအဖွဲလေးတွေဟာ ဘဝကို ဆွဲခါလှုပ်ယိမ်းနိုင်တဲ့ အရိပ်မည်းကြီးတွေ ဖြစ်နေတတ်တယ် ဆိုတာကိုလည်း သတိပြုမိပါလိမ့်မယ်။ ခိုင်တစ်ယောက်ရဲ့ ဘဝနဲ့ ထိရှနာကျင်ဖွယ် အမှောင်ရိပ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကတော့ … ။