ဂျိုကာမပါဘဲ တုတ်စားခြင်း

ကြည်အေး

1000 Kyats ကျပ်
ဆရာမကြီး ကြည်အေးရဲ့ တစ်မူထူးခြားတဲ့ ဝတ္ထုတို (၁၆) ပုဒ်ကို စုစည်းထားတာပါ။ တစ်မူထူးခြားတယ်လို့ ဆိုရာမှာ တကယ့်ကို ထူးခြားတာ ဖြစ်ပါတယ်။ သမားရိုးကျ မဟုတ်တဲ့ ဇာတ်အိမ်တည်ဆောက်မှုတွေဟာ ဝတ္ထုတစ်ပုဒ်ချင်းစီအတွက် အကောင်းဆုံး ခွန်အားဖြစ်နေပြီး အတွေးအမြင် ဆန်းသစ်မှုတွေကလည်း စာဖတ်သူကို ဆွဲဆောင်ခေါ်ငင်သွားနိုင်တာကို တွေ့ရပါတယ်။ ပြီးတော့ ဝတ္ထုတိုတွေလို့ ဆိုပေမဲ့ တစ်ပုဒ်ချင်းစီတိုင်းမှာ ဇာတ်အလှည့်အပြောင်းလေးတွေဟာ မထင်မှတ်တဲ့ နေရာကနေ ပေါ်လာပြီး ရသမြောက်စွာ ဖွဲ့သီထားနိုင်တာကလည်း ဆရာမကြီး ကြည်အေးရဲ့ပင်ကိုစတိုင်တစ်ခုလို့ ဆိုရမှာပါ။ ဒီစာအုပ်မှာ ပါဝင်တဲ့ ဝတ္ထုတိုတွေက တစ်ပုဒ်ချင်းစီတိုင်းမှာ ထူးခြားတဲ့ ဇာတ်အိမ်၊ ပေါ်လွင်တဲ့ ဇာတ်ကောင်စရိုက်၊ ဂုဏ်မြောက်တဲ့ ရသအသီးသီးနဲ့ ဖွဲ့သီထားတာကြောင့် စာချစ်သူတို့ အကြိုက်တွေ့ကြမှာ အသေအချာပါပဲ။