ကျွန်မပညာသည်

ကြည်အေး

1000 Kyats ကျပ်
အခု ‘ကျွန်မပညာသည်’ ကို ရေးတဲ့နေရာမှာ၊ ရှေ့မီနောက်မှ စာပေလောက သက်ကြီးဝါကြီး စာရေးဆရာကြီးများဆီက တဆင့်ခံ ကြားသိဖူးတာကတော့ > ဆရာမကြီးဟာ အငြိမ့်ဇာတ်သဘင်ဝန်းကျင် စင်ပေါ်စင်အောက် ကျင်လည်ကျွမ်းဝင်ပြီးမှသာ ရေးဖွဲ့ခဲ့တဲ့ စံမီလက်ရာကောင်းတစ်ခု < ဖြစ်တယ် ဆိုတာပါပဲ။ ဆရာမကြီးရဲ့ အရေးအဖွဲ့၊ ရသဖန်တီးနိုင်မှု စွမ်းအားကို စာချစ်သူတို့ သိပြီးဖြစ်တာမို့ ဒီ ‘ကျွန်မပညာသည်’ ဝတ္ထုဇာတ်သွားကို ကြိုတင် မညွှန်းတော့ပါဘူး။ စိတ်ချလက်ချ ဖတ်ရှုထိုက်တဲ့ ဇာတ်လမ်းကောင်း တပုဒ်ဆိုတာ သေချာနေပြီးသားပါပဲ။ အထူးသဖြင့်တော့ တခေတ်တခါက သဘင်ပညာ စတာတွေကို “ဖက်ခွက်စား” လို့ နှိမ့်ချခံခဲ့ရတဲ့ သဘင်သည်ဆိုတာ “ရှေးခေတ်အခါက ကိုယ့်မင်းကိုယ့်ချင်းဘဝမှာ ရေမြေ့သနင်း ပြည့်ရှင်မင်းရဲ့ စားတော်ပွဲကို ငှက်ပျောဖက်ရွက်စိမ်း ကန့်တော့ခွက်ထိုးကာ စားစေသတည်း” လို့ ချီးမြှင့် မြောက်စားခံရတဲ့ ပညာရှင်များဖြစ်ကြောင်း ဒီဝတ္ထုကနေ စာဖတ်သူများ နားလည် သဘောပေါက်သွားကြမယ် ဆိုရင် ဆရာမကြီး ကြည်အေးရဲ့ ရည်ရွယ်ရင်း စေတနာကို အထမြောက်စေမှာဖြစ်ကြောင်း ပဏာသဘောနဲ့ ပြောကြားလိုက်ရပါတယ်။