လုပ်ချင်တာတွေ လုပ်နိုင်ဖို့ လုပ်သင့်တာတွေလည်း လုပ်နိုင်ဖို့

ကြည်မင်း

600 Kyats ကျပ်
ပျံလွှားငှက်ကလေးများကို သတိပြုမိသည် ။ အသိုက်ဆောက်သော ရာသီဖြစ်သဖြင့် ငှက်ကလေးများသည် ကွင်းပြင် ရေအိုင်ကလေးများမှ ရွှံ့ကို ပါးစပ်ဖြင့် ငုံသယ်ကာ နံရံကြီးတစ်လျှောက် အသိုက်ဆောက်နေကြသည် ။ ကြည့်နေရင်း ကြည့်နေရင်း နှင့် ခြောက်ထပ်တိုက်လောက် နံရံကြီးတစ်လျှောက်မှာ အသိုက်ငယ်ကလေးများ ပြည့်လာသည် ။ သူတို့ကို ကြည့်ပြီး ကျွန်တော့်ခေါင်းထဲတွင် အလင်းရောင်တစ်ချက် လက်သွားတော့သည် ။ သယ်ပိုးစရာ ၊ ကိုင်တွယ်စရာ လက်ရယ်လို့ မပါသော ဤပိစိသေးကွေး ငှက်ငယ်ကလေးများပင်လျှင် ဤမျှ ပြောင်ချောသော နံရံကြီးတစ်လျှောက် အသိုက်ဆောက်နိုင်ကြသေး၏ ။ ငါ့လို ဘယ်တုန်းကမှ စာမေးပွဲတစ်ခုကို နှစ်ခါမဖြေဖူးတဲ့အကောင် ၊ ကိုယ့်နယ်ပယ်မှာ နံပါတ်တစ် ဆိုပြီး ရွေးလွတ်လိုက်တာ ခံရတဲ့အကောင် ၊ လက်အစုံ ခြေအစုံနဲ့ ၊ ဦးနှောက်တစ်လုံး အပြည့်အစုံနဲ့ အကောင်က ဘာတွေကို တွေးပူနေသလဲ ၊ မင်းမြန်မာပဲ ၊ မြန်မာ့အစွမ်းကို ပြမှပေါ့ ။ ပုသိမ်သား အစွမ်းပြမှပေါ့ ။ ကျွန်တော်သည် ထိုင်ရာမှ ရုတ်တရက်ထကာ " ဟေး ... မြန်မာကွ ၊ ပုသိမ်သားကွ " ဟု အားရပါးရ အော်ကာ ပြေးထွက်ခဲ့ပါသည်။ ကျောင်းနှင့် နှစ်မိုင်လောက်ဝေးသော အိမ်သို့ အရောက်ပြေးလာခဲ့ပါတော့သည် ။