စိတ်ဖြေဆေး ၀တ္ထုတိုများ

၀င်းဝင်းမြင့်(နန်းတော်ရှေ့)

600 Kyats ကျပ်
ကောင်မလေးသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးပီသစွာပင် ရှေးဘဝက ရေစက်ကိုလည်း ယုံကြည်သူဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကောင်မလေးသည် ကောင်လေးနှင့် ရင်တွင်းသူငယ်ချင်း ဖြစ်ခဲ့ရကာ၊ အချစ်ဖြူဟု ကောင်မလေးက ကောင်လေးပြောပြသည့် Platonic Love ကို အချစ်ဖြူဟု ဘာသာပြန်ထားလိုက်သည်။ မှန်တာ မမှန်တာအပထား၊ ကောင်မလေးက ရွှတ်ရှက်ဒွတ်ဒက်တွေ သိပ်မပြောချင်၍ သူကြိုက်သလို မြန်မာစကားနှင့် လှယ်ထားလိုက်သည်။ ချစ်ခင်မြတ်နိုးစွာ တစ်ယောက်ကိုတစ်ယောက် ကူညီခဲ့ကြတာတွေထက် ဂုဏ်ယူမိသေးသည်။ အသက်အရွယ်အလျောက် ကျောင်းပြီးလို့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ထူထောင်ပြီး လူကြီးတစ်ယောက်လို ဦးဆောင်လုပ်ကိုင်နေသောအကြောင်းကို ပို၍ပို၍ သိလာရလေလေ 'အချစ်ဖြူ' ကို လူတိုင်းပေါ်မှာ ထား၍ မဖြစ်ပါလားဟု နှုတ်ခမ်းတွန့်ချင်လာ၏။