အိပ်မက်ကောက်ကြောင်း

မြသွေးနီ

600 Kyats ကျပ်
ဆရာမကြီး ဒေါ်မြသွေးနီက သူရဲ့ ဒီစာအုပ်ကို ရသစာစုများ စုစည်းမှုလို့ အမည်တပ်ထားပါတယ်။ တကယ်လည်းပဲ မြသွေးနီရဲ့ စာတွေဟာ ဝတ္ထုဆိုတာထက် အက်ဆေးဆန်တဲ့ ထုံမွှန်းမှုကို တွေ့ရပါတယ်။ ဒါပေမယ့် သူ့စာတွေဟာ မြန်မာ့စာပေလောကရဲ့ အထင်ကရစာပေမျိုးဆက် ဖြစ်တာနဲ့အညီ ပီသတဲ့ မြန်မာစာရေးဖွဲ့မှု၊ မြန်မာ့ရနံ့ သင်းပျံနေမှုတွေကို ခံစားရပါတယ်။ ဒါ့အပြင် ဝတ္ထုများလို့ မဆိုချင်သော်လည်း လူ့သဘာဝရှုမြင်ခြင်း ဆင်ခြင်သုံးသပ်မှု သဘောတွေနဲ့ ရေးဖွဲ့ထားတဲ့ အင်မတန်လှပတဲ့ အက်ဆေးလေးတွေအဖြစ် ရဲရဲကြီး ပြောဝံ့ပါတယ်။ အက်ဆေးဆိုတာဟာလည်း အဆင့်မြင့် စာပေအမျိုးအစားတစ်ခု ဖြစ်တာမို့ စာဖတ်သူများ အကြိုက်တွေ့စေမယ့် အိမ်မက်ကောက်ကြောင်းတွေပါပဲ။