နှလုံးသားသော့အိမ်

မွသန်တာ

700 Kyats ကျပ်
။ လွန်ခဲ့သော သုံးနှစ်ခန့်ကစပြီး နိုင်ငံခြားသို့ ထွက်သွားသော ဖခင်မရှိတော့သည့် အချိန်မှစ၍ ကိုယ့်ကိုယ်ကို အထီးကျန်ဆန်သွားသလိုပင်၊ ဘာပဲဖြစ်ဖြစ် ဖေကြီးရှိစဉ်တုန်းက လုံခြုံသလို ခံစားရသည်။ ဖေကြီးထွက်သွားပြီးကတည်းက အိပ်ရာဝင်ချိန်တိုင်း လွတ်ဟာနေသလို ခံစားလိုက်ရသည်။ ထို့ကြောင့် နောက်ကျခံ၍ အိပ်ရာဝင်ခါနီး တီဗွီဇာတ်လမ်းများကို မျက်စိညောင်းအောင်ကြည့်ပြီးမှ အိပ်ခဲ့တာ နှစ်နှစ်ခြိုက်ခြိုက်ရှိခဲ့သည်။ ဒီနှစ်မှာတော့ ဆယ်နာရီခွဲ ဆယ့်တစ်နာရီ အိပ်ရာဝင်လည်း အိပ်မပျော်၊ တစ်ခါတစ်ရံ တစ်ရေးနိုးနေတတ်ပြီး အိပ်မပျော်တော့ပေ။ မိုးလင်းခါနီးမှ မှေးခနဲအိပ်ပျော်သွားခဲ့၏။ “ဖေကြီးရယ် နိုင်ငံခြားမှာ စီးပွားရှာနေတာ ငွေကအရေးကြီးသလား၊ သမီးက အရေးကြီးသလား” အထီးကျန်နေရခြင်းကို မကျေနပ်သဖြင့် တတွတ်တွတ် ရေရွတ်နေမိသည်။ ဒီစကားကိုပဲ အထပ်ထပ် ရေရွတ်သလို ဖေကြီးထံ ရေးသော စာများတွင်လည်း ရန်တွေ့သံက အမြဲပါနေသည်။ “ဖေကြီးကို မကျေနပ်ဘူး၊ နိုင်ငံခြားကို ပို့လွှတ်လိုက်တဲ့ ဖိုးတို့ကိုလည်း မကျေနပ်ဘူး” တကယ်ဆို ဒီသားလေး တစ်ယောက်ပဲရှိတာကို မကျွေးထားနိုင်ဘူးလား။ ဒီမြေးကိုလည်း မကျွေးထားနိုင်ဘူးလား။ ဘယ်လောက်ကုန်ကျလို့လဲ ဖိုးရယ် ဖေကြီးကို ပြန်ခေါ်ပေးပါ။ မီးလေ အားလုံး ခြွေတာခြိုးခြံပြီး နေပါ့မယ်။ ထမင်းလည်း များများမစားပါဘူး၊ မုန့်လည်း မစားတော့ပါဘူး၊ မီးလေ ဖေကြီးနဲ့ပဲ နေပါရစေနော် … သက်ပြင်းရှည်ကြီးချလိုက်ပြီး အံဆွဲထဲမှာထည့်ထားသည့် ဖခင်၏ စာများကို ဆွဲထုတ်၍ ကြည့်လိုက်သည်။ နောက်ဆုံးစာလေး၊ မေလ ၂၀ ရက်နေ့က ရောက်လာသော စာလေးတစ်စောင် … ။